Apple ဟာ ယနေ့ကစပြီး မြန်မာနိုင်ငံအတွက် ကိုယ်ပိုင် App Store ကို စတင်တိုးချဲ့လိုက်ကြောင်း ကြေညာလာခဲ့ပါတယ်။ အာဖရိက၊ အာရှ၊ ဥရောပ အစရှိတဲ့ ဒေသများမှ နိုင်ငံပေါင်း ၂၀ ကို App Store တိုးချဲ့ရာမှာ မြန်မာနိုင်ငံ ပါဝင်လာခဲ့တာပါ။

၂၀၀၈ ခုနှစ်က စတင်အသက်ဝင်ခဲ့တဲ့ Apple App Store ဟာ ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၁၇၅ နိုင်ငံထိ သုံးစွဲနိုင်ပြီ ဖြစ်ပြီး App Store နဲ့အတူ Apple Arcade, Music, Podcasts နဲ့ iCloud ဝန်ဆောင်မှုတွေကိုပါ သုံးစွဲနိုင်တော့မှာပါ။ တရားဝင် App Store ရှိသွားတဲ့အတွက် Apple Account ဖွင့်ရာမှာ အခက်တွေ့တော့မှာမဟုတ်သလို ပြည်တွင်းမှာ သုံးစွဲနေတဲ့ VISA အစရှိ ခရက်ဒစ်ကတ်တွေနဲ့လည်း ငွေဖြည့်တာ၊ ဝယ်ယူတာတွေ ပြုလုပ်နိုင်လာစေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့အတူ ကင်မရွန်း၊ အိုင်ဗရီကိုစ့်၊ ကွန်ဂို၊ ဂေဘွန်၊ လစ်ဗျား၊ မိုရိုကို၊ ရဝန်ဒါ၊ ဇမ်ဘီးယား၊ မော်လ်ဒိုက်၊ ဘော့စ်နီးယား၊ ဂျော်ဂျီယာ၊ ကိုဆိုဗို၊ မွန်တီနီဂရိုး၊ ဆာဗီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် စတဲ့ နိုင်ငံတွေလည်း ပါဝင်လာခဲ့ပါတယ်။

Ref – GSM Arena