[Zawgyi]

Apple ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ကုမၸဏီေတြဟာ Siri ကေန သံုးစြဲသူေတြရဲ႕ ေျပာစကားေတြကို အခြင့္မရွိဘဲ ခိုးနားေထာင္ေနတယ္လို႔ The Guardian က ေရးသားထားပါတယ္။ သံုးစြဲသူေတြရဲ႕ ခ်စ္တင္းေႏွာ စကားေတြ၊ က်န္းမာေရး သတင္းအခ်က္အလက္ေတြလို ကိုယ္ေရးကိုယ္တာ ေဒတာေတြကို ခိုုးနားေထာင္ေနတယ္လို႔ သိရပါတယ္။  Siri ရဲ႕ စြမ္းရည္ကို တိုးတက္ေအာင္ ျပဳလုပ္ဖို႔ ေျပာစကား အနည္းငယ္ကိုသာ ရယူတာလို႔ Apple က The Guardian ကို ေျပာပါတယ္။

Siri ရဲ႕ တုန္႔ျပန္မႈေတြကို အဆင့္သတ္မွတ္ဖို႔ ႏုိင္ငံတကာမွ လုပ္ေဖာ္ကိုင္ဖက္ေတြထံ အဲဒီ အသံဖမ္းယူထားတာေတြကို ေပးပို႔တာလို႔ Apple က ေျပာပါတယ္။ ဒါေပမယ့္ သံုးစြဲသူေတြရဲ႕ Apple IDs ေတြကို ေပးပို႔ျခင္း မရွိဘူးလို႔ ေျပာပါတယ္။ တစ္ေန႔မွာ Siri ကို Activate လုပ္တာေတြရဲ႕ ၁ ရာခိုင္ႏႈန္းကုိသာ Record လုပ္ထားတာလို႔ ကုမၸဏီက ေျပာပါတယ္။ စကၠန္႔ပိုင္းေလာက္သာ ရွိတယ္လို႔ သိရပါတယ္။ Siri ကို Activate လုပ္တဲ့ ျဖစ္စဥ္ကို ပိုတိုးတက္ေအာင္ လုပ္ဖို႔ အတြက္ ဒီလို အသံဖမ္းယူတာလို႔ ကုမၸဏီက ရွင္းျပပါတယ္။

ဒါေပမယ့္ အမည္မေဖာ္လိုတဲ့ Apple ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ တစ္ဦးက “ အသံဖမ္းယူထားတာေတြထဲမွာ ဆရာ၀န္နဲ႔ လူနာ၊  အလုပ္ကိစၥ၊ ရာဇ၀တ္မႈ၊ ခ်စ္တင္းေႏွာတာေတြလို ကိုယ္ေရးကိုယ္တာ ေျပာစကားေတြ  အမ်ားႀကီးပါေနပါတယ္။ အဲဒီ အသံဖမ္းထားတဲ့ ဖိုင္ေတြမွာ တည္ေနရာ၊ ဆက္သြယ္ရမယ့္ သတင္းအခ်က္အလက္၊ App Data ေတြလို သံုးစြဲသူ ေဒတာေတြလည္း ပါပါတယ္။ “ လို႔ The Guardian ကို ေျပာပါတယ္။

Amazon , Google နဲ႔ Facebook တို႔ဟာ သူတို႔ရဲ႕ ထုတ္ကုန္ေတြကေန သံုးစြဲသူေတြရဲ႕ ေျပာစကားေတြကို ခိုးနားေထာင္ေနတယ္လို႔ သတင္းေတြ ထြက္ခဲ့ဖူးပါတယ္။ ကုမၸဏီေတြက ဒီသတင္းေတြကို ျငင္းဆိုခဲ့ပါတယ္။

Ref : gizmodo

[Unicode]

Apple ရဲ့ မိတ်ဖက် ကုမ္ပဏီတွေက Siri ကနေ သုံးစွဲသူတွေရဲ့ ချစ်တင်းနှောစကားတွေကို ခိုးနားထောင်နေလို့ ဆို

Apple ရဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတွေဟာ Siri ကနေ သုံးစွဲသူတွေရဲ့ ပြောစကားတွေကို အခွင့်မရှိဘဲ ခိုးနားထောင်နေတယ်လို့ The Guardian က ရေးသားထားပါတယ်။ သုံးစွဲသူတွေရဲ့ ချစ်တင်းနှော စကားတွေ၊ ကျန်းမာရေး သတင်းအချက်အလက်တွေလို ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ခိုးနားထောင်နေတယ်လို့ သိရပါတယ်။ Siri ရဲ့ စွမ်းရည်ကို တိုးတက်အောင် ပြုလုပ်ဖို့ ပြောစကား အနည်းငယ်ကိုသာ ရယူတာလို့ Apple က The Guardian ကို ပြောပါတယ်။

Siri ရဲ့ တုန့်ပြန်မှုတွေကို အဆင့်သတ်မှတ်ဖို့ နိုင်ငံတကာမှ လုပ်ဖော်ကိုင်ဖက်တွေထံ အဲဒီ အသံဖမ်းယူထားတာတွေကို ပေးပို့တာလို့ Apple က ပြောပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေရဲ့ Apple IDs တွေကို ပေးပို့ခြင်း မရှိဘူးလို့ ပြောပါတယ်။ တစ်နေ့မှာ Siri ကို Activate လုပ်တာတွေရဲ့ ၁ ရာခိုင်နှုန်းကိုသာ Record လုပ်ထားတာလို့ ကုမ္ပဏီက ပြောပါတယ်။ စက္ကန့်ပိုင်းလောက်သာ ရှိတယ်လို့ သိရပါတယ်။ Siri ကို Activate လုပ်တဲ့ ဖြစ်စဉ်ကို ပိုတိုးတက်အောင် လုပ်ဖို့ အတွက် ဒီလို အသံဖမ်းယူတာလို့ ကုမ္ပဏီက ရှင်းပြပါတယ်။

ဒါပေမယ့် အမည်မဖော်လိုတဲ့ Apple ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက “ အသံဖမ်းယူထားတာတွေထဲမှာ ဆရာဝန်နဲ့ လူနာ၊ အလုပ်ကိစ္စ၊ ရာဇဝတ်မှု၊ ချစ်တင်းနှောတာတွေလို ကိုယ်ရေးကိုယ်တာ ပြောစကားတွေ အများကြီးပါနေပါတယ်။ အဲဒီ အသံဖမ်းထားတဲ့ ဖိုင်တွေမှာ တည်နေရာ၊ ဆက်သွယ်ရမယ့် သတင်းအချက်အလက်၊ App Data တွေလို သုံးစွဲသူ ဒေတာတွေလည်း ပါပါတယ်။ “ လို့ The Guardian ကို ဖော်ကောင်လုပ်ပါတယ်။

Amazon , Google နဲ့ Facebook တို့ဟာ သူတို့ရဲ့ ထုတ်ကုန်တွေကနေ သုံးစွဲသူတွေရဲ့ ပြောစကားတွေကို ခိုးနားထောင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ကုမ္ပဏီတွေက ဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

Ref : gizmodo