[Zawgyi]

လူသားေတြအတြက္ အႀကီးက်ယ္ဆုံး အေထာက္အကူျပဳေပးႏိုင္မႈဟာ က်န္းမာေရးပဲလို႔ Apple ရဲ႕ CEO Tim Cook က ဒီႏွစ္ရဲ႕ အေစာပိုင္းမွာ ေျပာသြားခဲ့ပါတယ္။ Tim Cook ေျပာသလိုပါပဲ Apple ကလည္း သူ႔ရဲ႕ ထုတ္ကုန္ေတြကို က်န္းမာေရးအတြက္ အေထာက္အကူျပဳႏိုင္တဲ့ Feature ေတြထည့္သြင္းၿပီး ထုတ္လုပ္ေနတာ ေတြ႕ရပါတယ္။

Apple Watch ေတြဟာ က်န္းမာေရးအေထာက္အကူအျဖစ္ ေသြးဖိအားတိုင္းတာျခင္း၊ ေရဓာတ္ပမာဏ ေစာင့္ၾကည့္ျခင္းလို Feature ေတြေတာင္ ပါဝင္လာတာေၾကာင့္ အသုံးျပဳသူေတြရဲ႕ ေန႔စဥ္ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ အေရးပါတဲ့ ေနရာတစ္ေနရာကို ေရာက္ရွိလာပါတယ္။

ခန႔္မွန္းမႈေတြအရ Apple Watch ဟာ အနာဂတ္မွာ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ အဓိကရင္းျမစ္ကို ရယူႏိုင္တဲ့ အေထာက္အပံ့ေတြ ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။ iPhone အသုံးျပဳသူေပါင္း သန္း ၉၀၀ ေလာက္ရွိေနသလို လက္ရွိအခ်ိန္မွာ Apple Watch နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈျပဳလုပ္ေနတဲ့ အသုံးျပဳသူေပါင္း ၅၇ သန္း ရွိေနတယ္လို႔ သိရပါတယ္။

က်န္းမာေရး ေစာင့္ေရွာက္မႈ Feature ေတြ ထည့္သြင္းထားတာေၾကာင့္ Apple Watch လုပ္ငန္းဟာ ဒီေန႔မွာ ယခင္ကထက္ ၄ ဆေက်ာ္ေလာက္ ပိုမိုတိုးတက္လာတယ္လို႔ ယုံၾကည္ရပါတယ္။ သီအိုရီေတြအတိုင္းဆိုရင္ေတာ့ တိုးတက္မႈဟာ ၁၅ဆေလာက္အထိကို ျမင့္တက္လာႏိုင္ပါတယ္။

ဒီအတြက္ Apple ကလည္း Apple Watch ဒါမွမဟုတ္ သူတို႔ရဲ႕ထုတ္ကုန္အသုံးျပဳၾကတဲ့ လူေတြရဲ႕ က်န္းမာေရးဆိုင္ရာ အခ်က္အလက္ေတြကို ဆရာဝန္နဲ႔ က်န္းမာေရးသုေတသီေတြဆီ ျပန္လည္ေရာင္းခ်ႏိုင္မယ့္ အခြင့္အလမ္းလည္း ရွိလာပါတယ္။ ေဆးပညာရွင္ေတြအေနနဲ႔လည္း လူနာေတြရဲ႕ က်န္းမာေရးဆိုင္ရာအခ်က္အလက္ေတြကို အလြယ္တကူ ရရွိၿပီး ေရာဂါရာဇဝင္ကို သိရွိႏိုင္တဲ့အတြက္ ပိုမိုထိေရာက္တဲ့ ကုသမႈကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

ျဖစ္ႏိုင္ေျခရွိတာကေတာ့ Apple ဟာ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို အေျခခံၿပီး အခ်က္အလက္အဓိကထားတဲ့ မဟာဗ်ဴဟာကို အသုံးျပဳတာပါပဲ။ ဒါဟာ ဒီႏွစ္အေစာပိုင္းက Tim Cook ေျပာသြားတဲ့ Apple က ျပဳလုပ္လာမယ့္ က်န္းမာေရးဝန္ေဆာင္မႈဟာ ဘာလဲဆိုတာကို ေဖာ္ျပေနတာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုအခြေခံပြီး ကျန်းမာရေးဝန်ဆောင်မှုနယ်ပယ်ဆီ ခြေလှမ်းနေတဲ့ Apple

လူသားတွေအတွက် အကြီးကျယ်ဆုံး အထောက်အကူပြုပေးနိုင်မှုဟာ ကျန်းမာရေးပဲလို့ Apple ရဲ့ CEO Tim Cook က ဒီနှစ်ရဲ့ အစောပိုင်းမှာ ပြောသွားခဲ့ပါတယ်။ Tim Cook ပြောသလိုပါပဲ Apple ကလည်း သူ့ရဲ့ ထုတ်ကုန်တွေကို ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ Feature တွေထည့်သွင်းပြီး ထုတ်လုပ်နေတာ တွေ့ရပါတယ်။

Apple Watch တွေဟာ ကျန်းမာရေးအထောက်အကူအဖြစ် သွေးဖိအားတိုင်းတာခြင်း၊ ရေဓာတ်ပမာဏ စောင့်ကြည့်ခြင်းလို Feature တွေတောင် ပါဝင်လာတာကြောင့် အသုံးပြုသူတွေရဲ့ နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပါတဲ့ နေရာတစ်နေရာကို ရောက်ရှိလာပါတယ်။

ခန့်မှန်းမှုတွေအရ Apple Watch ဟာ အနာဂတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိကရင်းမြစ်ကို ရယူနိုင်တဲ့ အထောက်အပံ့တွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ iPhone အသုံးပြုသူပေါင်း သန်း ၉၀၀ လောက်ရှိနေသလို လက်ရှိအချိန်မှာ Apple Watch နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်နေတဲ့ အသုံးပြုသူပေါင်း ၅၇ သန်း ရှိနေတယ်လို့ သိရပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု Feature တွေ ထည့်သွင်းထားတာကြောင့် Apple Watch လုပ်ငန်းဟာ ဒီနေ့မှာ ယခင်ကထက် ၄ ဆကျော်လောက် ပိုမိုတိုးတက်လာတယ်လို့ ယုံကြည်ရပါတယ်။ သီအိုရီတွေအတိုင်းဆိုရင်တော့ တိုးတက်မှုဟာ ၁၅ဆလောက်အထိကို မြင့်တက်လာနိုင်ပါတယ်။

ဒီအတွက် Apple ကလည်း Apple Watch ဒါမှမဟုတ် သူတို့ရဲ့ထုတ်ကုန်အသုံးပြုကြတဲ့ လူတွေရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ဆရာဝန်နဲ့ ကျန်းမာရေးသုတေသီတွေဆီ ပြန်လည်ရောင်းချနိုင်မယ့် အခွင့်အလမ်းလည်း ရှိလာပါတယ်။ ဆေးပညာရှင်တွေအနေနဲ့လည်း လူနာတွေရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို အလွယ်တကူ ရရှိပြီး ရောဂါရာဇဝင်ကို သိရှိနိုင်တဲ့အတွက် ပိုမိုထိရောက်တဲ့ ကုသမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ Apple ဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အခြေခံပြီး အချက်အလက်အဓိကထားတဲ့ မဟာဗျူဟာကို အသုံးပြုတာပါပဲ။ ဒါဟာ ဒီနှစ်အစောပိုင်းက Tim Cook ပြောသွားတဲ့ Apple က ပြုလုပ်လာမယ့် ကျန်းမာရေးဝန်ဆောင်မှုဟာ ဘာလဲဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena