Apple ရဲ့ Foldable Device သတင်းတွေ ထွက်နေတာ တော်တော်ကြာပါပြီ။ Android ကုမ္ပဏီများစွာက Foldable Device တွေကို ထုတ်လုပ်ရောင်းချနေပေမယ့် Apple ကတော့ သတိကြီးစွာနဲ့ အဲဒီနယ်ပယ်ကို ချဉ်းကပ်နေပါတယ်။

နာမည်ကြီး လေ့လာဆန်းစစ်သူ Kuo က Foldable MacBook ကို ၂၀၂၇ ခုနှစ်မှာ ရောင်းချမယ်လို့ မကြာခင်က ပြောပါတယ်။ အခုတော့ Tipster Revegnus က Foldable iPhone အကြောင်းကို ပြောလာပါတယ်။

သူက Apple ဟာ ၂၀၂၆  ခုနှစ်မှာ Foldable iPhone ကို ရောင်းချမယ်လို့ ပြောပါတယ်။ Foldable iPhone ဟာ ပြိုင်ဖက်တွေထက် ပိုမို ပါးလွှာ ပေါ့ပါးမှာ ဖြစ်ပါတယ်။ Foldable စမတ်ဖုန်းတွေမှာ ပြဿနာ ဖြစ်နေတဲ့ ခေါက်ချိုးရာကိုလည်း Apple က ဖြေရှင်းထားမှာ ဖြစ်ပါတယ်။

Apple Designing New Clamshell Folding iPhone, Claims Leaker

Tipster က Apple ဟာ ပထမမျိုးဆက် Foldable iPhone မှာ နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Apple ဟာ ပြိုင်ဖက်တွေထက် ထူးခြားအောင် ဖန်တီးနေပါတယ်။

အရင်က သတင်းအရ Apple ဟာ ပထမဆုံး Foldable Device ကို အနည်းဆုံး ၅ နှစ်ကြာ တီထွင်နေတယ်လို့ သိရပါတယ်။ Samsung ကတော့ ၂၀၁၉ ခုနှစ်မှာ Foldable Device ကို စတင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Apple က နည်းပညာအသစ်အတွက် အချိန်ယူလေ့ရှိပါတယ်။

Ref : gizmochina