[Zawgyi]

Apple ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ႏွစ္ကုန္ဆုံးသြားတဲ့အထိ ပရီမီယံဖုန္း ေဈးကြက္မွာ မင္းမူႀကီးစိုးထားႏိုင္တုန္း ျဖစ္တယ္လို႔ သိရပါတယ္။ Counterpoint ရဲ႕ သုေတသနအခ်က္အလက္ေတြအရ Apple ဟာ ၂၀၁၇ ခုႏွစ္သာမက ၂၀၁၈ ခုႏွစ္မွာလည္း ေဒၚလာ ၄၀၀ နဲ႔အထက္ ပရီမီယံဖုန္းေဈးကြက္ကို ဦးေဆာင္ထားဆဲျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။

၂၀၁၇ ခုႏွစ္တုန္းကေတာ့ ပရီမီယံဖုန္းေဈးကြက္ေဝစုကို Apple ရဲ႕ ရယူမႈက ၅၈ ရာခိုင္ႏႈန္းျဖစ္ခဲ့ပါတယ္။ အဲဒီႏွစ္တုန္းက Samsung ဟာ ၂၃ ရာခိုင္ႏႈန္းနဲ႔ ဒုတိယျဖစ္ခဲ့ၿပီး Huawei ကေတာ့ ၈ ရာခိုင္ႏႈန္းနဲ႔ တတိယ ျဖစ္ခဲ့တာပါ။ ၂၀၁၈ ခုႏွစ္မွာေတာ့ Apple ရဲ႕ ေဈးကြက္ေဝစုဟာ ၅၁ ရာခိုင္ႏႈန္းကို က်ဆင္းသြားေပမယ့္လည္း ဆက္လက္ ဦးေဆာင္ထားႏိုင္ဆဲ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္အတြင္း ပရီမီယံဖုန္းေဈးကြက္ေဝစုကို Apple က ၈ ရာခိုင္ႏႈန္း လက္လႊတ္ခဲ့ရၿပီး Samsung က ၁ ရာခိုင္ႏႈန္းလက္လႊတ္ခဲ့ရေပမယ့္ Huawei ကေတာ့ ၂ ရာခိုင္ႏႈန္း တိုးတက္ရယူႏိုင္ခဲ့ပါတယ္။ OPPO ကေတာ့ ၂၀၁၇ ေရာ ၂၀၁၈ ခုႏွစ္မွာပါ စတုတၳေနရာမွာ ရွိေနခဲ့ေပမယ့္ တစ္ႏွစ္အတြင္း ေဈးကြက္ေဝစု ၁ ရာခိုင္ႏႈန္းကေန ၆ ရာခိုင္ႏႈန္းအထိ တိုးတက္ ရယူႏိုင္ခဲ့ပါတယ္။

OnePlus ကလည္း ၂၀၁၇ ခုႏွစ္တုန္းက ေဈးကြက္ေဝစု ၁ ရာခိုင္ႏႈန္းသာ ရွိခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္မွာေတာ့ ၂ ရာခိုင္ႏႈန္းကို ေရာက္ရွိသြားပါတယ္။ ႏိုင္ငံတကာေဈးကြက္အတြက္ ပရီမီယံစမတ္ဖုန္း ေဈးကြက္ေဝစု အမ်ားဆုံး ရယူထားႏိုင္တဲ့ ထိပ္ဆုံးကုမၸဏီ ၅ ခုစာရင္းမွာ Apple, Samsung, Huawei, OPPO နဲ႔ OnePlus တို႔က အစဥ္လိုက္ဆိုသလို ရပ္တည္ေနၾကတာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္မွာေတာ့ Samsung နဲ႔ Huawei တို႔ရဲ႕ ၿပိဳင္ဆိုင္မႈဟာ Foldable ဖုန္းနဲ႔ 5G ဖုန္းေတြေၾကာင့္ ပိုမိုျပင္းထန္လာဖြယ္ရွိသလို ေဈးကြက္ေဝစုကိုလည္း ပိုၿပီးရယူလာႏိုင္ေျခရွိေနပါတယ္။ ဒါေပမယ့္ Apple ကေတာ့ Foldable ဖုန္းထုတ္ဖို႔ ေနာက္က်ေနတာေၾကာင့္ လက္ရွိပိုင္ဆိုင္ထားတဲ့ ေဈးကြက္ေဝစုကို ထပ္ၿပီးဖဲ့ေပးသြားရဖြယ္ ရွိေနတာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ပရီမီယံဖုန်းဈေးကွက်ကို ကြီးစိုးထားတုန်းဖြစ်တဲ့ Apple

Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ဆုံးသွားတဲ့အထိ ပရီမီယံဖုန်း ဈေးကွက်မှာ မင်းမူကြီးစိုးထားနိုင်တုန်း ဖြစ်တယ်လို့ သိရပါတယ်။ Counterpoint ရဲ့ သုတေသနအချက်အလက်တွေအရ Apple ဟာ ၂၀၁၇ ခုနှစ်သာမက ၂၀၁၈ ခုနှစ်မှာလည်း ဒေါ်လာ ၄၀၀ နဲ့အထက် ပရီမီယံဖုန်းဈေးကွက်ကို ဦးဆောင်ထားဆဲဖြစ်ကြောင်း တွေ့ရှိရပါတယ်။

၂၀၁၇ ခုနှစ်တုန်းကတော့ ပရီမီယံဖုန်းဈေးကွက်ဝေစုကို Apple ရဲ့ ရယူမှုက ၅၈ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်တုန်းက Samsung ဟာ ၂၃ ရာခိုင်နှုန်းနဲ့ ဒုတိယဖြစ်ခဲ့ပြီး Huawei ကတော့ ၈ ရာခိုင်နှုန်းနဲ့ တတိယ ဖြစ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာတော့ Apple ရဲ့ ဈေးကွက်ဝေစုဟာ ၅၁ ရာခိုင်နှုန်းကို ကျဆင်းသွားပေမယ့်လည်း ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ပရီမီယံဖုန်းဈေးကွက်ဝေစုကို Apple က ၈ ရာခိုင်နှုန်း လက်လွှတ်ခဲ့ရပြီး Samsung က ၁ ရာခိုင်နှုန်းလက်လွှတ်ခဲ့ရပေမယ့် Huawei ကတော့ ၂ ရာခိုင်နှုန်း တိုးတက်ရယူနိုင်ခဲ့ပါတယ်။ OPPO ကတော့ ၂၀၁၇ ရော ၂၀၁၈ ခုနှစ်မှာပါ စတုတ္ထနေရာမှာ ရှိနေခဲ့ပေမယ့် တစ်နှစ်အတွင်း ဈေးကွက်ဝေစု ၁ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ တိုးတက် ရယူနိုင်ခဲ့ပါတယ်။

OnePlus ကလည်း ၂၀၁၇ ခုနှစ်တုန်းက ဈေးကွက်ဝေစု ၁ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်းကို ရောက်ရှိသွားပါတယ်။ နိုင်ငံတကာဈေးကွက်အတွက် ပရီမီယံစမတ်ဖုန်း ဈေးကွက်ဝေစု အများဆုံး ရယူထားနိုင်တဲ့ ထိပ်ဆုံးကုမ္ပဏီ ၅ ခုစာရင်းမှာ Apple, Samsung, Huawei, OPPO နဲ့ OnePlus တို့က အစဉ်လိုက်ဆိုသလို ရပ်တည်နေကြတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ Samsung နဲ့ Huawei တို့ရဲ့ ပြိုင်ဆိုင်မှုဟာ Foldable ဖုန်းနဲ့ 5G ဖုန်းတွေကြောင့် ပိုမိုပြင်းထန်လာဖွယ်ရှိသလို ဈေးကွက်ဝေစုကိုလည်း ပိုပြီးရယူလာနိုင်ခြေရှိနေပါတယ်။ ဒါပေမယ့် Apple ကတော့ Foldable ဖုန်းထုတ်ဖို့ နောက်ကျနေတာကြောင့် လက်ရှိပိုင်ဆိုင်ထားတဲ့ ဈေးကွက်ဝေစုကို ထပ်ပြီးဖဲ့ပေးသွားရဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: GSMArena