User Data တွေကို ပိုင်ရှင် မသိဘဲ စီးပွားဖြစ် အသုံးချတဲ့အတွက် Apple နဲ့ Google ကို အီတလီရဲ့ Competition Authority က ဒေါ်လာ ၁၁ သန်း ဒဏ်ရိုက်လိုက်ပါတယ်။ ဒါဟာ အီတလီရဲ့ Consumer Code ကို ချိုးဖောက်လို့ ဖြစ်ပါတယ်။

အာဏာပိုင်တွေက Apple ဟာ ထုတ်ကုန်တွေ ရောင်းအား ကောင်းစေဖို့ User Data တွေကို App Store, iTunes Store နဲ့ Apple Books စတဲ့ ပလက်ဖောင်းတွေမှာ အသုံးချခဲ့တယ်လို့ ပြောပါတယ်။ Apple နဲ့ Google တို့ဟာ User Data တွေကို စီးပွားဖြစ် အသုံးချမယ့် အကြောင်းကို ပိုင်ရှင်တွေကို အသိပေးတာလည်း မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

Apple ဟာ User တွေ သုံးစွဲရတာ ပိုကောင်းစေဖို့ Data တွေကို အသုံးပြုမယ်လို့ပဲ အသိပေးထားတာ ဖြစ်ပြီး စီးပွားဖြစ် အသုံးပြုမယ်ဆိုတာ မကြေညာထားပါဘူး။ ဒါဟာ မှန်တယ်လို့ ပြောရမှာပါ။ ဘာလို့လဲ ဆိုရင် App Store ကို သုံးတဲ့အခါ Apple က လုပ်ဆောင်ချက်တွေ ပံ့ပိုးဖို့၊ ဝန်ဆောင်မှုတွေ လုံခြုံစေဖို့နဲ့ သုံးစွဲမှု အတွေ့အကြုံကောင်းစေဖို့ User Data တချို့ကို အသုံးပြုမယ်လို့ပဲ အသိပေးထားပါတယ်။

ဝန်ဆောင်မှုတွေ ပံ့ပိုးဖို့၊ လိမ်လည်မှုတွေ ကာကွယ်ဖို့၊ ဆက်သွယ်ချိတ်ဆက်ဖို့ Personal Data တွေကို ဒေသတွင်း ဥပဒေတွေနဲ့ အညီ အသုံးပြုမှာ ဖြစ်ပြီး Personal Data တွေကို သုံးရင် User တွေကို အသိပေးမယ်လို့ Apple ရဲ့ Privacy Policy မှာ အတိအလင်း ထုတ်ပြန်ထားပါတယ်။

Ref : gizmochina