Apple က ပရီးမီးယားလိဂ် ကလပ် Manchester United ကို ဝယ်ယူနိုင်တယ်ဆိုတဲ့ သတင်းတွေ မကြာခင်က ထွက်လာခဲ့ပါတယ်။ အခုတော့ ဒီကိစ္စနဲ့ ရင်းနှီးတဲ့ လူ ၁ ယောက်က အဲဒီသတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။ Apple ဟာ လက်ရှိအချိန်မှာ Manchester United ကို ဝယ်ယူဖို့ အစီအစဉ် မရှိသေးပါဘူး။

Manchester United Apple

ဗြိတိန် မီဒီယာ The Daily Star ကနေ Apple က Manchester United ကို ဝယ်ယူမယ်ဆိုတဲ့ သတင်းထွက်လာခဲ့တာ ဖြစ်ပြီး Apple ဟာ ကလပ်ကို ဒေါ်လာ ၇ ဘီလီယမ် ဝန်းကျင်နဲ့ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ရေးသားခဲ့ပါတယ်။ အဲဒီနောက်မှာ MacRumors က ဒီကိစ္စနဲ့ရင်းနှီးတဲ့ လူများစွာကို ဆက်သွယ်ခဲ့ပြီး ဒီသတင်းဟာ မှားနေတယ်ဆိုတာ သိလာခဲ့ပါတယ်။

Know truth behind viral reports of Apple planning to buy football club Manchester  United -- Details Inside | Companies News | Zee News

Apple ဟာ Manchester United ကို မဝယ်ယူချင်ပေမယ့် အားကစား နယ်ပယ်ကို စိတ်ဝင်စားနေပါတယ်။ ကုမ္ပဏီဟာ မကြာခင်က MLB နဲ့ လက်တွဲခဲ့ပြီး ရည်ရွယ်ချက်က ၂၀၂၂ ခုနှစ် ရာသီအတွင်း Apple TV+ မှာ ၁ ပတ်ကို “Friday Night Baseball” ဂိမ်း ၂ ခု ပြသဖို့ပါ။ ဒါ့အပြင် Apple ဟာ  လာမယ့် ၁၀ နှစ်အတွက် MLS ဂိမ်းရဲ့ အဓိက ထောက်ပံ့သူ ဖြစ်လာမှာပါ။

Apple ဟာ နောက်ရာသီကစတင်ကာ NFL’s Sunday Ticket Packages ရဲ့ Streaming Rights ကို ရဖို့ စဉ်းစားထားပါတယ်။ ဒါတွေကို ကြည့်ရင် Apple ဟာ အားကစားနယ်ပယ်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာ သိသာနေပြီး အများစုဟာ ကုမ္ပဏီရဲ့ အဓိက ဝန်ဆောင်မှု ဖြစ်တဲ့ Apple TV+ နဲ့ ပတ်သက်နေပါတယ်။

Ref : gizchina