[Zawgyi]

Apple ရဲ႕ ေမာင္းသူမဲ့ လွ်ပ္စစ္ကား လ်ိဴ႕ဝွက္စီမံကိန္းႀကီးနဲ႔ ပတ္သတ္တဲ့ ေကာလဟလသတင္းေတြဟာ လြန္ခဲ့တဲ့ ႏွစ္မ်ားစြာ ကတည္းက ထြက္ေပၚေနခဲ့တာပါ။ ဒါေပမယ့္ အဆိုပါ အေၾကာင္းအရာေတြနဲ႔ ပတ္သတ္ၿပီး Apple ဘက္က တရားဝင္ ထုတ္ေဖာ္ေျပာၾကားထားတဲ့ အခ်က္အလက္ေတြေတာ့ မရွိေသးပါဘူး။ Apple ဘက္က တရားဝင္ ထုတ္ေဖာ္ေျပာၾကားခ်က္ေတြ မရွိေသးေပမယ့္ ဒီေန႔ ၾကားသိလိုက္ရတဲ့ သတင္းအရဆိုရင္ေတာ့ Apple ဟာ ေမာင္းသူမဲ့ လွ်ပ္စစ္ကား လ်ိဴ႕ဝွက္စီမံကိန္းႀကီးကို အရွိန္ျမႇင့္တင္ဖို႔ လုပ္ေဆာင္ေနတယ္ဆိုတာ ေပၚလြင္သြားပါၿပီ။

Apple ဟာ Tesla ရဲ႕ Electric Powertrains အပိုင္းမွာ အႀကီးအကဲ ရာထူးနဲ႔ တာဝန္ထမ္းေဆာင္ခဲ့တဲ့ Michael Schwekutsch ကို သူတို႔ဆီမွာ အလုပ္လုပ္ဖို႔ ငွားရမ္းလိုက္ၿပီ ျဖစ္ပါတယ္။ Michael Schwekutsch ဟာ Electric Powertrains အပိုင္းမွာ အေတြ႕အႀကဳံ အမ်ားဆုံး အင္ဂ်င္နီယာေတြထဲက တစ္ဦးျဖစ္တာေၾကာင့္ Tesla အေနနဲ႔ သူ႔ကို လက္လႊတ္လိုက္ရတာဟာ ႀကီးမားတဲ့ နစ္နာဆုံးရႈံးမႈႀကီး တစ္ခုျဖစ္ေၾကာင္း Electrek (9To5Mac/Google) က ေဖာ္ျပခဲ့ဖူးပါတယ္။ ဒါ့အျပင္ Michael ဟာ BMW i8, Porsche 918 Spyder, Fiat 500eV, Volvo XC90 နဲ႔ တျခားေသာ နာမည္ႀကီးကားေတြရဲ႕ Electric နဲ႔ Hybrid Powertrains အပိုင္းေတြကိုလည္း တာဝန္ယူစီမံခဲ့သူ ျဖစ္ပါတယ္။

Apple အေနနဲ႔ Tesla ဝန္ထမ္းေဟာင္းကို ငွားရမ္းတာဟာ ပထမဦးဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ဒီ့အရင္တုန္းကလည္း မ်ားစြာေသာ Tesla ဝန္ထမ္းေဟာင္းေတြကို ငွားရမ္းခဲ့ဖူးပါတယ္။ ဒါ့ေၾကာင့္ Tesla ရဲ႕ CEO ျဖစ္သူ Elon Musk ကေတာင္ “ က်ဴပ္တို႔ အလုပ္ထုတ္ခဲ့တဲ့ လူေတြကို သူတို႔က အလုပ္ခန္႔တယ္။ Apple ကို Tesla ရဲ႕ သခ်ႋဴင္းလို႔ ေခၚၿပီး က်ဴပ္တို႔ အၿမဲေနာက္ေျပာင္ေလ့ ရွိတယ္” ဆိုၿပီး လြန္ခဲ့တဲ့ ၂၀၁၅ခုႏွစ္က ေျပာၾကားခဲ့ဖူးပါတယ္။ မည္သို႔ပင္ဆိုေစကာမူ Apple ကေတာ့ ေမာင္းသူမဲ့ လွ်ပ္စစ္ကား လ်ိဴ႕ဝွက္စီမံကိန္းႀကီးအတြက္ အားကိုး၊ အားထားျပဳစရာ လူတစ္ေယာက္ေရာက္လာၿပီျဖစ္တာေၾကာင့္ သူတို႔ရဲ႕ အိပ္မက္ေတြကို အျမန္ဆုံး အေကာင္ထည္ေဖာ္ႏိုင္ေအာင္ ႀကိဳးစားေတာ့မွာပါ။

Ref : Electrek

[Unicode]

Apple က ထုတ်တဲ့ မောင်းသူမဲ့ လျှပ်စစ်ကားတွေကို မကြာခင် မြင်တွေ့ရတော့မှာလား ?

Apple ရဲ့ မောင်းသူမဲ့ လျှပ်စစ်ကား လျိူ့ဝှက်စီမံကိန်းကြီးနဲ့ ပတ်သတ်တဲ့ ကောလဟလသတင်းတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက ထွက်ပေါ်နေခဲ့တာပါ။ ဒါပေမယ့် အဆိုပါ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး Apple ဘက်က တရားဝင် ထုတ်ဖော်ပြောကြားထားတဲ့ အချက်အလက်တွေတော့ မရှိသေးပါဘူး။ Apple ဘက်က တရားဝင် ထုတ်ဖော်ပြောကြားချက်တွေ မရှိသေးပေမယ့် ဒီနေ့ ကြားသိလိုက်ရတဲ့ သတင်းအရဆိုရင်တော့ Apple ဟာ မောင်းသူမဲ့ လျှပ်စစ်ကား လျိူ့ဝှက်စီမံကိန်းကြီးကို အရှိန်မြှင့်တင်ဖို့ လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်သွားပါပြီ။

Apple ဟာ Tesla ရဲ့ Electric Powertrains အပိုင်းမှာ အကြီးအကဲ ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ Michael Schwekutsch ကို သူတို့ဆီမှာ အလုပ်လုပ်ဖို့ ငှားရမ်းလိုက်ပြီ ဖြစ်ပါတယ်။ Michael Schwekutsch ဟာ Electric Powertrains အပိုင်းမှာ အတွေ့အကြုံ အများဆုံး အင်ဂျင်နီယာတွေထဲက တစ်ဦးဖြစ်တာကြောင့် Tesla အနေနဲ့ သူ့ကို လက်လွှတ်လိုက်ရတာဟာ ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း Electrek (9To5Mac/Google) က ဖော်ပြခဲ့ဖူးပါတယ်။ ဒါ့အပြင် Michael ဟာ BMW i8, Porsche 918 Spyder, Fiat 500eV, Volvo XC90 နဲ့ တခြားသော နာမည်ကြီးကားတွေရဲ့ Electric နဲ့ Hybrid Powertrains အပိုင်းတွေကိုလည်း တာဝန်ယူစီမံခဲ့သူ ဖြစ်ပါတယ်။

Apple အနေနဲ့ Tesla ဝန်ထမ်းဟောင်းကို ငှားရမ်းတာဟာ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒီ့အရင်တုန်းကလည်း များစွာသော Tesla ဝန်ထမ်းဟောင်းတွေကို ငှားရမ်းခဲ့ဖူးပါတယ်။ ဒါ့ကြောင့် Tesla ရဲ့ CEO ဖြစ်သူ Elon Musk ကတောင် “ ကျူပ်တို့ အလုပ်ထုတ်ခဲ့တဲ့ လူတွေကို သူတို့က အလုပ်ခန့်တယ်။ Apple ကို Tesla ရဲ့ သင်္ချိူင်းလို့ ခေါ်ပြီး ကျူပ်တို့ အမြဲနောက်ပြောင်လေ့ ရှိတယ်” ဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်က ပြောကြားခဲ့ဖူးပါတယ်။ မည်သို့ပင်ဆိုစေကာမူ Apple ကတော့ မောင်းသူမဲ့ လျှပ်စစ်ကား လျိူ့ဝှက်စီမံကိန်းကြီးအတွက် အားကိုး၊ အားထားပြုစရာ လူတစ်ယောက်ရောက်လာပြီဖြစ်တာကြောင့် သူတို့ရဲ့ အိပ်မက်တွေကို အမြန်ဆုံး အကောင်ထည်ဖော်နိုင်အောင် ကြိုးစားတော့မှာပါ။

Ref : Electrek