အခုအချိန်မှာ ကွန်ပျူတာတစ်လုံးကို ၁၈ သိန်းနဲ့ ဝယ်ယူမယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ Processor တွေ၊ များပြားတဲ့ RAM နဲ့ Storage တွေအပြင် Graphic Card အကောင်စားဆင်ထားတဲ့ ကွန်ပျူတာတစ်လုံးကို ရရှိနိုင်မှာပါ။ ဒါပေမယ့် Apple ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကကြေငြာသွားပြီး ယခုမှစတင်ရောင်းချတဲ့ iMac Pro ကို ဝယ်ယူမယ်ဆိုရင်တော့ သိန်း ၁၈၀ ကျော်အထိ ပေးဝယ်ရမှာပါ။

Apple က အခုရောင်းချနေတဲ့ iMac Pro ကွန်ပျူတာဟာ ယခင်ထဲကရောင်းချနေတဲ့ iMac All-in-One ကွန်ပျူတာတွေကို ကြီးကြီးမားမားအဆင့်မြှင့်တင်ထားတာပဲဖြစ်ပါတယ်။ အရောင်ကိုလည်း iMac Pro အတွက် သီးသန့်အနေနဲ့ Space Gray နဲ့ ထုတ်လုပ်ထားတာပါ။

Apple iMac Pro ဟာ ဒေါ်လာ ၄၉၉၉ ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ဒေါ်လာ ၄၉၉၉ တန် iMac Pro မှာဆိုရင် 8 Core Intel Xeon, 32GB 2666MHz DDR4 ECC Memory, 1TB SSD, AMD Radeon Pro Vega 56 GPU with 8GB HBM2 Memory, 5K Retina Display, 10Gb Ethernet, 5K External Monitor ၂ ခုကို Support ပြုလုပ်တဲ့ Thunderbolt 3 (USB-C) ၄ ခုပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Apple iMac Pro ရဲ့ အမြင့်ဆုံးသော Version ဖြစ်တဲ့ 18-Core Xeon ၊ 128GB ECC Memory, 4TB SSD ၊ Radeon Pro Vega 64 with 16GB HBM2 Graphics Card တွေပါဝင်တဲ့ iMac Pro Version ကို အပြည့်အစုံဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၁၃၃၄၈ အထိပေးရမှာဖြစ်ပါတယ်။ အဲ့ဒီ ပမာဏဟာ အခွန်တွေနဲ့ သယ်ယူပို့ဆောင်စရိတ်မပါသေးရင်တောင်မှာ မြန်မာငွေကျပ် သိန်း ၁၈၀ ကျော်အထိ ကျသင့်မှာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Apple ရဲ့ iMac Pro ကွန်ပျူတာတွေဟာ သာမန်လူတန်းစားတွေအတွက် မချဉ်းကပ်နိုင်သေးတဲ့ Workstation အဆင့်ရှိတဲ့ Super Computer တွေလို့တောင် ပြောရမှာပါ။