[Zawgyi]

Apple က iPhone အသစ္ ၃ လံုး၊ iPad အသစ္ ၁ လံုးနဲ႔ Watch Series 5 ေတြကို ေၾကညာခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ မိတ္ဆက္ပြဲမွာ ေနာက္ထြက္မယ့္ iOS နဲ႔ iPad OS Software Updates ေတြ အေၾကာင္းကိုေတာ့ မေျပာသြားပါဘူး။ ဒါေပမယ့္ Apple Website မွာေတာ့ အဲဒီ သတင္းအခ်က္အလက္ေတြကို ေဖာ္ျပလိုက္ပါတယ္။

iOS 13 ကို ဒီလ ၁၉ ရက္မွာ Compatible iPhone အားလံုးအတြက္ ျဖန႔္ခ်ိေပးမွာ ျဖစ္ပါတယ္။ iPad OS အသစ္ကိုေတာ့ ဒီလ ၃၀ ရက္မွာ Compatible iPad ေတြ ရရွိၾကမွာ ျဖစ္ပါတယ္။ iOS 13.1 Update ကို Beta Testing ျပဳလုပ္ေနတာ ေနာက္ဆံုး အဆင့္ကို ေရာက္ေနၿပီ ျဖစ္ၿပီး iPhone 11 Series အပါအ၀င္ Compatible iPhone ေတြအတြက္ ဒီလ ၃၀ ရက္မွာ ျဖန႔္ခ်ိေပးမွာ ျဖစ္ပါတယ္။

Apple U1 Chip အသစ္ေၾကာင့္ iPhone 11 Series ေတြမွာ AirDrop ကေန လွ်င္ျမန္စြာ ခ်ိတ္ဆက္လာႏုိင္တဲ့ လုပ္ေဆာင္ခ်က္ကို iOS 13.1 မွာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ အဲဒီအတြက္ ဖိုင္ေတြ ေပးပို႔တာ ပိုျမန္လာမွာ ျဖစ္ပါတယ္။ အဲဒီ အေၾကာင္း အေသးစိတ္ကိုေတာ့ ကုမၸဏီက ေဖာ္ျပထားတာ မရွိေသးေပမယ့္ ပါလာမွာေတာ့ ေသခ်ာပါတယ္။

iPhone 11 Series ေတြမွာ Audio Sharing ပါလာၿပီး AirPods ဒါမွမဟုတ္ Beats Headphones ၂ ခုကို ဖုန္း ၁ လံုးမွာ တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏိုင္ပါတယ္။ iOS 13 ဒါမွမဟုတ္ iOS 13.1 Version ရဲ႕ တစ္စိတ္တစ္ပိုင္း အေနနဲ႔ ဒီလုပ္ေဆာင္ခ်က္ကို ဒီႏွစ္ေႏွာင္းပိုင္းမွာ ျဖန႔္ခ်ိေပးမွာပါ။

ref : gsmarena

[Unicode]

Apple iOS 13 ကို ဒီလ ၁၉ ရက်မှာ ဖြန့်ချီမည်

Apple က iPhone အသစ် ၃ လုံး၊ iPad အသစ် ၁ လုံးနဲ့ Watch Series 5 တွေကို ကြေညာခဲ့ပြီးပါပြီ။ ဒါပေမယ့် မိတ်ဆက်ပွဲမှာ နောက်ထွက်မယ့် iOS နဲ့ iPad OS Software Updates တွေ အကြောင်းကိုတော့ မပြောသွားပါဘူး။ ဒါပေမယ့် Apple Website မှာတော့ အဲဒီ သတင်းအချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

iOS 13 ကို ဒီလ ၁၉ ရက်မှာ Compatible iPhone အားလုံးအတွက် ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ iPad OS အသစ်ကိုတော့ ဒီလ ၃၀ ရက်မှာ Compatible iPad တွေ ရရှိကြမှာ ဖြစ်ပါတယ်။ iOS 13.1 Update ကို Beta Testing ပြုလုပ်နေတာ နောက်ဆုံး အဆင့်ကို ရောက်နေပြီ ဖြစ်ပြီး iPhone 11 Series အပါအဝင် Compatible iPhone တွေအတွက် ဒီလ ၃၀ ရက်မှာ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။

Apple U1 Chip အသစ်ကြောင့် iPhone 11 Series တွေမှာ AirDrop ကနေ လျှင်မြန်စွာ ချိတ်ဆက်လာနိုင်တဲ့ လုပ်ဆောင်ချက်ကို iOS 13.1 မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖိုင်တွေ ပေးပို့တာ ပိုမြန်လာမှာ ဖြစ်ပါတယ်။ အဲဒီ အကြောင်း အသေးစိတ်ကိုတော့ ကုမ္ပဏီက ဖော်ပြထားတာ မရှိသေးပေမယ့် ပါလာမှာတော့ သေချာပါတယ်။

iPhone 11 Series တွေမှာ Audio Sharing ပါလာပြီး AirPods ဒါမှမဟုတ် Beats Headphones ၂ ခုကို ဖုန်း ၁ လုံးမှာ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ iOS 13 ဒါမှမဟုတ် iOS 13.1 Version ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ဒီလုပ်ဆောင်ချက်ကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချီပေးမှာပါ။

ref : gsmarena