Apple ဟာ ဒီနှစ်မှာ နောက်မျိုးဆက် iPad Mini ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီတက်ဘလက်ရဲ့ သတင်းအချက်အလက် တချို့ အွန်လိုင်းမှာ ပေါက်ကြားလာပါတယ်။

Ross Young က iPad Mini 6 မှာ ၈.၃ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ ပါးလွှာမယ်လို့ ပြောပါတယ်။ အရင်ကတော့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က အဲဒီ တက်ဘလက်ရဲ့ မျက်နှာပြင်ဟာ ၈.၅ လက်မနဲ့ ၉ လက်မအတွင်း ရှိမယ်လို့ သတင်းပေးထားပါတယ်။

Apple iPad Mini 6th Generation Renders Leak 04

iPad Mini 6 မှာ Mini-LED မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သတင်းတွေထွက်နေတာ ကြာပါပြီ။ အခုထွက်လာတဲ့ မျက်နှာပြင်ဘေးဘောင်တွေ ပါးလွှာမယ်ဆိုတဲ့ သတင်းကလည်း အရင်က သတင်းတွေနဲ့ ကိုက်ညီနေပါတယ်။ အောက်ခြေက Home Button ကို ဖယ်ရှားထားမှာပါ။

Nieuwe Apple iPad mini 6 (2021) geruchten, functies, specificat

ဒီဇိုင်း အပိုင်းပြောရရင် iPad Mini 6 ဟာ စတုတ္ထမျိုးဆက် iPad Air နဲ့ တူညီမယ်လို့ သိရပါတယ်။ Apple A15 Bionic Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး iPhone 13 Series မှာလည်း အဲဒီ Chipset ထည့်သွင်းထားနိုင်ပါတယ်။

iPad Mini 6 မှာ Lightning Port အစား USB Type-C Port တပ်ဆင်ထားနိုင်ပြီး ဘေးဘက်မှာ Touch ID ထည့်သွင်းထားနိုင်ပါတယ်။ Apple ဟာ စွမ်းရည်နိမ့် ၁၀.၂ လက်မ iPad မျိုးဆက်သစ်ကို စက်တင်ဘာလမှာ ကြေညာနိုင်တယ်လို့ မကြာခင်က သတင်းထွက်လာခဲ့ပြီး Apple A13 Bionic Chipset ပါလာမှာပါ။ ဒီဇိုင်းက ၂၀၁၉ ခုနှစ်ထုတ် iPad Air 3 နဲ့ တူညီနိုင်ပါတယ်။

ref : gizmochina