Apple ရဲ့ လူကြိုက်များ iPad Pro လိုင်းအပ်ဟာ ၂၀၁၈ ခုနှစ်က နောက်ဆုံးအသစ်ထွက်ခဲ့ပြီး ရက်ငါးရာအကြာမှာ မော်ဒယ်အသစ်တစ်ခုကို မိတ်ဆက်လာခဲ့ပါပြီ။ Apple ဟာ iPad Pro 2020 နဲ့ MacBook Air အသစ်တို့ကို ထုတ်ဖော်မိတ်ဆက်လာခဲ့ပါတယ်။

အရင်မျိုးဆက်လိုပဲ iPad Pro 2020 ဟာလည်း iPad Pro 11 နဲ့ iPad Pro 12.9 ဆိုပြီး နှစ်မျိုးလာပါတယ်။ အတွင်းမှာ ပရိုဆက်ဆာအပါအဝင် Specs အများစုကို တိုးမြှင့်ပြီး ထွက်ရှိလာကာ ပိုကောင်းတဲ့ကင်မရာလည်း ပါဝင်လာပါတယ်။

11” လက်မ iPad Pro ရဲ့ 128GB မော်ဒယ်အတွက် ဒေါ်လာ ၇၉၉ (မြန်မာငွေ ၁၁ သိန်းခွဲခန့်) သတ်မှတ်လာပြီး 12.9” လက်မအရွယ်အတွက်တော့ ဒေါ်လာ ၉၄၉ (မြန်မာငွေ ၁၃ သိန်းခွဲ) က စပါတယ်။ iPad Pro 2020 တွေဟာ ယခင်မော်ဒယ်တွေနဲ့ ဒီဇိုင်းသဏ္ဍာန်တူပေမယ့် အတွင်းမှာ Apple A12Z Bionic Chip အသစ်စက်စက်တွေကို အသုံးပြုလာပြီး ယခင် A12 ချစ်ပ်ဆက်ရဲ့ Upgrade မြှင့်ထားတဲ့ဗားရှင်းပါ။

11” လက်မဗားရှင်းဟာ 2388 x 1669p Resolution နဲ့ဖြစ်ပြီး 12.9” ကတော့ 2732 x 2048p နဲ့ လာပါတယ်။ နှစ်ခုစလုံးအတွက် Pixel Density ကတော့ 264ppi ပါပဲ။ iPad Pro နှစ်ခုလုံးရဲ့ Display တွေဟာ 120Hz Refresh Rate ထိ ရရှိနိုင်မှာပါ။ ဒီတက်ဘလက်အသစ်ဟာ USB-C Port နဲ့လာပေမယ့် ၂၀၁၈ ဗားရှင်းလိုပဲ 3.5mm Audio Jack တော့ မပါလာပါဘူး။ သူ့ရဲ့ဘက္ထရီကတော့ ၁၀ နာရီထိ ခံမယ်လို့ ဆိုပါတယ်။

အသစ်ပါလာတဲ့ Feature တစ်ခုကတော့ LiDAR Scanner ဆိုတဲ့ ဆင်ဆာစနစ်အသစ်ပါ။ iPad Pro 2020 မှာ Camera Sensor သုံးခုပါဝင်ပြီး LiDAR ကတော့ Depth Sensing နဲ့ AR အတွက် ဖြစ်ပါတယ်။ နောက်ထပ် အမိုက်စား Feature တစ်ခုက Magic Keyboard ပါ။ ဒီကီးဘုတ်အသစ်မှာ Trackpad တစ်ခုပါဝင်ပြီး အရင်ထက် သုံးစွဲသူရဲ့ မြင်ထောင့်ကို ပိုသက်တောင့်သက်သာရှိအောင် ချိန်ညှိပေးနိုင်ပါတယ်။

iPad အသစ်တွေကို Silver နဲ့ Gray အရောင်နှစ်မျိုးဖြင့် ရရှိနိုင်ပြီး Storage မော်ဒယ်က 128GB, 256GB, 512GB နဲ့ 1TB ဆိုပြီး ရှိတာကြောင့် စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ။ iPad အသစ်တွေဟာ တကယ်ဆိုရင် လာမယ့်အပတ်ထဲမှာ ဈေးကွက်ထဲ စဖြန့်ချိမှာဖြစ်ပေမယ့် COVID-19 ရဲ့သက်ရောက်မှုရှိမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref – Gizmo China