Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ iPhone 12 Series တွေကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series ဖုန်းတွေဟာ Apple အတွက်တော့ ပထမဆုံးအနေနဲ့ 5G Support ရရှိလာမယ့်ဖုန်းတွေဖြစ်လာမှာပါ။

ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်အခြေအနေကြောင့် Apple ကနေ iPhone 12 Series ဖုန်းတွေကို မှန်းထားတာထက် လျော့ပြီးရောင်းချရဖွယ်ရှိနေပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရတော့ Apple ကနေ ၂၀၂၀ ဒုတိယနှစ်ဝက်မှာ iPhone 12 အလုံးရေ ၆၈ သန်းအထိ ရောင်းချနိုင်ဖို့ကို ခန့်မှန်းထားတယ်လို့ သိရပါတယ်။

အဆိုပါ ခန့်မှန်းချက်ဟာ အစောပိုင်းတုန်းက Apple ကနေ ခန့်မှန်းထားတဲ့ပမာဏထက် ပိုပြိး လျော့နည်းနေတာဖြစ်ပါတယ်။ DigiTimes ရဲ့ထုတ်ပြန်ချက်မှာတော့ Apple iPhone 12 Series တွေက ၂၀၂၀ ဒုတိယနှစ်ဝက်ပိုင်းမှာ အလုံးရေ ၆၃ သန်းကနေ ၆၈ သန်းအထိပဲ ရောင်းချနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါက မနှစ်တုန်းက iPhone 11 Series ရောင်းအားထက် အလုံးရေ ၅ သန်းဝန်းကျင်လောက် ပိုပြီးလျော့နည်းမှာဖြစ်ပါတယ်။

Apple ဟာ iPhone 12 Series ဖုန်းတွေကို အောက်တိုဘာလဝန်းကျင်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ ယူဆရပါတယ်။ မနှစ်တုန်းကလိုမျိုး ဖုန်း ၃ မျိုးတင်မဟုတ်ဘဲ iPhone 12 ၊ iPhone 12 Max ၊ iPhone 12 Pro နဲ့ iPhone 12 Pro Max ဆိုပြီး ၄ မျိုးမိတ်ဆက်သွားမှာဖြစ်ပြီး 5G Version အပြင် တချို့သော Region တွေမှာ 4G LTE Version ကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – Gizmo China