Apple Fans တွေ စောင့်မျှော်နေကြတဲ့ iPhone 12 Series ကို မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။ 5G ပါတဲ့ ပထမဆုံး iPhone တွေ ဖြစ်သလို မော်ဒယ်အားလုံးမှာ OLED မျက်နှာပြင်တွေလည်း ထည့်သွင်းထားကြပါတယ်။ ဒီနှစ်မှာတော့ iPhone 12 , 12 Mini , 12 Pro နဲ့ 12 Pro Max ၄ လုံး ကြေညာခဲ့ပြီး အရွယ်အစားက ၅.၄ လက်မ၊ ၆.၁ လက်မနဲ့ ၆.၇ လက်မ ၃ မျိုး ဖြစ်ပါတယ်။

Apple iPhone 12

iPhone 12 Series ရဲ့ OLED မျက်နှာပြင်တွေကို ထုတ်လုပ်ပေးထားတာက မျက်နှာပြင် နည်းပညာ နယ်ပယ်မှာ ဆရာကျတဲ့ Samsung Display နဲ့ LG Display တို့ ဖြစ်ပါတယ်။ LG Display က ၆.၁ လက်မ မျက်နှာပြင်တွေကို iPhone 12 နဲ့ 12 Pro အတွက် ထုတ်လုပ်ပေးခဲ့ပြီး ၅.၄ လက်မ 12 Mini နဲ့ ၆.၇ လက်မ 12 Pro Max အတွက် Samsung Display က ပံ့ပိုးပေးထားတာပါ။

iPhone 12 vs. iPhone 12 Pro Buyer's Guide - MacRumors

Apple ဟာ ဒီနှစ်ကုန်မှာ iPhone 12 အလုံးရေ သန်း ၇၀ လောက် ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး Samsung နဲ့ LG ဟာ OLED မျက်နှာပြင် သန်း ၈၀ လောက် ထုတ်လုပ်ပေးဖို့ မျှော်မှန်းထားပါတယ်။ Samsung က သန်း ၆၀ နဲ့ LG က သန်း ၂၀ လောက် ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။

ဒီပမာဏဟာ LG အတွက် တိုးတက်လာတာ ဖြစ်ပြီး အရင်နှစ် iPhone တွေအတွက် ၅ သန်းပဲ ထောက်ပံ့ပေးနိုင်ခဲ့တာပါ။ Samsung ကတော့ သန်း ၅၀ လောက် ထုတ်ပေးခဲ့ပါတယ်။ တရုတ် ကုမ္ပဏီ BOE ဟာလည်း Apple အတွက် OLED တွေ ထုတ်လုပ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီနှစ်နှောင်းပိုင်း သို့မဟုတ် နောက်နှစ်မှာ ထုတ်လုပ်ခွင့်ရမယ်လို့လည်း သတင်းထွက်နေပါတယ်။

Apple ဟာ OLED မျက်နှာပြင်ကို ၂၀၁၇ ထုတ် iPhone X မှာ ပထမဆုံး သုံးခဲ့ပါတယ်။ iPhone 11 Pro နဲ့ Pro Max တို့မှာလည်း OLED သုံးခဲ့ပါတယ်။ ဒီနှစ်မှာ ထူးခြားသွားတာက iPhone 12 Series ၄ လုံးစလုံးမှာ ထည့်သွင်းထားတာပါ။

Ref : gizmochina