Apple ရဲ့ နောက်မျိုးဆက် iPhone တွေကို ကြေညာဖို့ အချိန်လိုနေသေးပေမယ့် သတင်းများစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း ဂျပန်က Macotakara က iPhone 12 မှာ Short-range WiFi ဆက်သွယ်မှု အသစ်ပါလာမယ်လို့ ပြောပါတယ်။ 802.11ay စံနှုန်းကို လက်ရှိမှာ ဖန်တီးနေဆဲ ဖြစ်ပြီး  ဒေတာပေးပို့တဲ့ အမြန်နှုန်း ပိုမြန်စေတဲ့ 60GHz ကို သုံးထားမှာပါ။ စံနှုန်းအသစ်ဟာ Bluetooth နဲ့ အလုပ်လုပ်ပုံ တူပေမယ့် ဒေတာ ပေးပို့တဲ့ နှုန်းက ပိုမြန်ပါတယ်။ iPhone 12 မော်ဒယ်တွေကြားမှာ AirDrop ကနေ ဖိုင်တွေ ပေးပို့ရင် ပိုမြန်အောင် ဒီနည်းပညာကို သုံးနိုင်ပါတယ်။

iPhone 12 Series မှာ သတင်းတွေထွက်နေတဲ့ NFC AirTags ထည့်သွင်းထားနိုင်ပြီး Wireless Charging ပါလာနိုင်ပါတယ်။ မကြာခင်က စစ်တမ်းအရ Apple ဟာ ၂၀၂၀ မှာ iPhone 12 အလုံးရေ သန်း ၁၀၀ လောက်ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ iPhone 12 မော်ဒယ် ၃ လုံးထုတ်လုပ်ထားနိုင်ပြီး Pro မော်ဒယ်မှာ 120Hz ProMotion မျက်နှာပြင်၊ 3D Sensing ကင်မရာ အသစ်နဲ့ 6GB RAM အထိ ပါလာနိုင်ပါတယ်။

iPhone 12 မှာ iPhone 4 ရဲ့ ဒီဇိုင်းလိုမျိုး ပြားချပ်တဲ့ သတ္တု  ကိုယ်ထည်ကို ပြန်သုံးထားမယ်လို့ သတင်းထွက်နေပြီး Pro မော်ဒယ်ဟာ mmWave နဲ့ Sub-6 GHz 5G ကွန်ရက် ၂ ခုစလုံးကို ထောက်ပံ့မှာ ဖြစ်ပါတယ်။ တန်ဖိုးနည်း iPhone 12 မှာ အနောက်ကင်မရာ ၂ လုံးနဲ့ 4GB RAM ထည့်သွင်းထားနိုင်ပြီး Sub-6GHz 5G ကိုပဲ ထောက်ပံ့မှာပါ။

ref : gsmarena