Apple ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက iPhone 13 Series ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ iPhone 13 Series ဖုန်းတွေဟာ အဓိကအနေနဲ့ Display နဲ့ Battery အပြင် Camera ပိုင်းကိုပါ သေချာအဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

အထူးသဖြင့် iPhone 13 Pro နဲ့ Pro Max ဖုန်းတွေမှာဆိုရင် ပါဝင်တဲ့ Camera Sensor ၃ ခုစလုံးကို အသစ်တွေပြောင်းလဲအသုံးပြုထားတာဖြစ်ပြီး ယခင်ထက် Sensor Size ကလည်း ပိုကြီးလာသလို Feature တွေလည်း အများအပြားအသစ်ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Camera Megapixel အနေနဲ့ကတော့ 12MP Sensor တွေကိုပဲ အသုံးပြုထားတုန်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ iPhone 13 Pro ဖုန်းကို Camera ပိုင်းစစ်ဆေးတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကနေ စစ်ဆေးခဲ့ပြီး Overall ရမှတ်အနေနဲ့ ၁၃၇ မှတ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် iPhone 13 Pro ဟာ ထိပ်ဆုံး နံပါတ် (၁) နေရာကိုတော့ ရယူနိုင်ခြင်းမရှိပေမယ့် Top 5 ထဲကိုတော့ ဝင်ရောက်လာပြီဖြစ်ပါတယ်။

DxOMark ရဲ့ ပြောကြားချက်အရတော့ iPhone 13 Pro ဖုန်းဟာ Photo ပိုင်းမှာ ၁၄၄ မှတ် နဲ့ Video ပိုင်းမှာ ၁၁၉ မှတ်ရရှိထားပြီး တခြားသော စမတ်ဖုန်းတွေထက် တော်တော်လေးကို ပိုကောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့်အသစ်ထည့်သွင်းထားတဲ့ 3x Telephoto Sensor ဟာ တခြားသော စျေးကွက်ထဲမှာရှိနေတဲ့ စမတ်ဖုန်းတွေလောက် ကောင်းမွန်ခြင်းမရှိတာကြောင့် Zoom ပိုင်းမှာ ၇၆ မှတ်ပဲရရှိပြီး စုစုပေါင်းရမှတ်မှာ အနည်းငယ်လျေ့ာနည်းသွားတာဖြစ်ပါတယ်။

Ref – Gizmo China