Apple ဟာ ယခုအချိန်မှာ iPhone 14 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။ ယခုနှစ် iPhone 14 Series မှာ ထူးခြားချက်အနေနဲ့ကတော့ iPhone 14 နဲ့ iPhone 14 Plus ဖုန်းတွေထက် iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေမှာ Chipset ပိုင်းအပြင် အဆင့်မြှင့်တင်မှုအများအပြားပါဝင်လာတာဖြစ်ပါတယ်။

ဒီအတွက် iPhone 14 Series တွေထဲမှာ အကောင်းဆုံး iPhone ကို လိုချင်တယ်ဆိုရင် iPhone 14 Pro Max ကိုပဲ ရွေးချယ်ရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ iPhone 14 Pro Max ဟာ Apple အတွက် နောက်ဆုံးသော Pro Max နာမည်နဲ့ iPhone ဖြစ်သွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် Apple ဟာ လာမယ့်နှစ်မှာ iPhone 15 Ultra ဆိုပြီး Pro Max ကို နာမည်ပြောင်းလဲ မိတ်ဆက်သွားဖို့ စီစဥ်နေပြီဖြစ်တာကြောင့်လို့ သိရပါတယ်။ အဆိုပါ iPhone 15 Ultra ဟာဆိုရင် ပုံမှန် Pro Series ထက်တောင် Feature အသစ်တွေနဲ့ အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာမှာဖြစ်ပြီး အကောင်းဆုံးသော iPhone အဖြစ် မိတ်ဆက်သွားမှာဖြစ်ပါတယ်။

လောလောဆယ်သိရှိရတဲ့သတင်းတွေအရတော့ iPhone 15 Ultra ဟာ Selfie Camera ပိုင်းမှာ ပထမဆုံးအနေနဲ့ Dual Camera Setup ကို ပြောင်းလဲအသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ iPhone 15 Series ထဲမှာ တစ်ခုတည်းသော Dual Selfie Camera ပါဝင်မှာဖြစ်ပြီး ဘယ်လိုမျိုး လုပ်ဆောင်ချက်တွေအသစ်ပါဝင်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

နောက်ထပ် Feature တွေအနေနဲ့ကတော့ iPhone 15 Ultra ဟာ Design ပိုင်းမှာ အသစ်ပြောင်းလဲထားမယ့်အပြင် လူအများတောင်းဆိုနေကြတဲ့ USB-C ကိုလည်း ပြောင်းလဲအသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ iPhone 15 Ultra ဟာ Base Storage အနေနဲ့ 128GB အစား 256GB ကနေ စတင်မှာဖြစ်ပါတယ်။

Ref – Gizmo China