Unicode

လက်ရှိအချိန်မှာ တရုတ်နိုင်ငံအတွင်းမှာ ဝူဟန်ဗိုင်းရက်စ် လို့လူသိများတဲ့ ကိုရိုနာဗိုင်းရက်စ်ဟာ ပြန့်နှံ့မှုပြင်းထန်နေပြီးတော့ အရေးပေါ်အခြေအနေကြေညာထားရတာလည်းဖြစ်ပါတယ်။ နောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ ဒီ ဝူဟန်ဗိုင်းရက်စ်ကြောင့် Apple အသစ်မိတ်ဆက်တော့မယ့် iPhone 9 အပါအဝင် AirPods တွေထုတ်လုပ်မှုကိုပါ ထိခိုက်လာနိုင်ပါတယ်။

ယခုသတင်းကိုတော့ Kikkei Asian Review ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဝူဟန်ဗိုင်းရက်စ်ဟာ လက်ရှိ Hubei စီရင်စုကို ပျံနှံ့သွားပြီဖြစ်ပြီးတော့ Apple ရဲ့ အဓိက Production Center တွေတည်ရှိတဲ့ Henan စီရင်စုနဲ့ Guangdong စီရင်စုတွေနဲ့ နီးကပ်နေပြီဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Bloomberg ရဲ့ သတင်းပေးပို့ချက်အရလည်း iPhone 9 ဟာ ဒီ ဝူဟန်ဗိုင်းရက်စ်ရဲ့ သက်ရောက်မှုကြောင့် တရုတ်နိုင်ငံအစိုးရကနေ တင်ပို့ခွင့်မရှိဘဲ ခတ္တပိတ်ပင်ခံထားရဖွယ်ရှိနေပါတယ်။ လောလောဆယ်မှာ တရုတ်နိုင်ငံအစိုးရက ပျံ့နှံ့နေပြီဖြစ်တဲ့ မြို့ကြီးတွေမှာ လုပ်သားတွေအကုန်လုံးကို အိမ်အတွင်းမှာပဲ နေခိုင်းထားပြီး ဝူဟန်မြို့ကိုလည်း အဝင်အထွက်တွေကို ပိတ်ချထားပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အတည်ပြုနိုင်တဲ့ ကူးစက်ခံထားရသူ ၁၀၀ ကျော်ရှိနေတဲ့အချိန်မှာ ဝူဟန်ဗိုင်းရက်စ်ဟာ တကမ္ဘာလုံးက စောင့်ကြည့်နေရပြီလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ ဒီအတိုင်းဆိုရင် iPhone 9 ကို လာမယ့် ဖေဖော်ဝါရီလမှာ အစီအစဥ်အတိုင်း မိတ်ဆက်လာမယ်ဆိုရင်တောင်မှ ဝယ်ယူနိုင်မယ့်အချိန်ကတော့ သတ်မှတ်ထားတဲ့ မတ်လကနေ ရွေ့ဆိုင်းသွားနိုင်ပါတယ်။ ဒီလိုမျိုး Production ပိုင်း ထိခိုက်တဲ့အထဲမှာ iPhone 9 အပြင် AirPod 2nd Gen နဲ့ AirPods Pro တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref – GSM Arena

Zawgyi

လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံအတြင္းမွာ ဝူဟန္ဗိုင္းရက္စ္ လို႔လူသိမ်ားတဲ့ ကို႐ိုနာဗိုင္းရက္စ္ဟာ ျပန္႔ႏွံ႔မႈျပင္းထန္ေနၿပီးေတာ့ အေရးေပၚအေျခအေနေၾကညာထားရတာလည္းျဖစ္ပါတယ္။ ေနာက္ဆုံးသိရွိရတဲ့သတင္းေတြအရေတာ့ ဒီ ဝူဟန္ဗိုင္းရက္စ္ေၾကာင့္ Apple အသစ္မိတ္ဆက္ေတာ့မယ့္ iPhone 9 အပါအဝင္ AirPods ေတြထုတ္လုပ္မႈကိုပါ ထိခိုက္လာႏိုင္ပါတယ္။

ယခုသတင္းကိုေတာ့ Kikkei Asian Review ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ ဝူဟန္ဗိုင္းရက္စ္ဟာ လက္ရွိ Hubei စီရင္စုကို ပ်ံႏွံ႔သြားၿပီျဖစ္ၿပီးေတာ့ Apple ရဲ႕ အဓိက Production Center ေတြတည္ရွိတဲ့ Henan စီရင္စုနဲ႔ Guangdong စီရင္စုေတြနဲ႔ နီးကပ္ေနၿပီျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ Bloomberg ရဲ႕ သတင္းေပးပို႔ခ်က္အရလည္း iPhone 9 ဟာ ဒီ ဝူဟန္ဗိုင္းရက္စ္ရဲ႕ သက္ေရာက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံအစိုးရကေန တင္ပို႔ခြင့္မရွိဘဲ ခတၱပိတ္ပင္ခံထားရဖြယ္ရွိေနပါတယ္။ ေလာေလာဆယ္မွာ တ႐ုတ္ႏိုင္ငံအစိုးရက ပ်ံ႕ႏွံ႔ေနၿပီျဖစ္တဲ့ ၿမိဳ႕ႀကီးေတြမွာ လုပ္သားေတြအကုန္လုံးကို အိမ္အတြင္းမွာပဲ ေနခိုင္းထားၿပီး ဝူဟန္ၿမိဳ႕ကိုလည္း အဝင္အထြက္ေတြကို ပိတ္ခ်ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ အတည္ျပဳႏိုင္တဲ့ ကူးစက္ခံထားရသူ ၁၀၀ ေက်ာ္ရွိေနတဲ့အခ်ိန္မွာ ဝူဟန္ဗိုင္းရက္စ္ဟာ တကမာၻလုံးက ေစာင့္ၾကည့္ေနရၿပီလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Apple အေနနဲ႔ ဒီအတိုင္းဆိုရင္ iPhone 9 ကို လာမယ့္ ေဖေဖာ္ဝါရီလမွာ အစီအစဥ္အတိုင္း မိတ္ဆက္လာမယ္ဆိုရင္ေတာင္မွ ဝယ္ယူႏိုင္မယ့္အခ်ိန္ကေတာ့ သတ္မွတ္ထားတဲ့ မတ္လကေန ေ႐ြ႕ဆိုင္းသြားႏိုင္ပါတယ္။ ဒီလိုမ်ိဳး Production ပိုင္း ထိခိုက္တဲ့အထဲမွာ iPhone 9 အျပင္ AirPod 2nd Gen နဲ႔ AirPods Pro ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

Ref – GSM Arena