Apple iPhone SE 2020 စမတ်ဖုန်းဟာ လက်ရှိ iPhone 11 Series တွေမှာပါဝင်တဲ့ စွမ်းဆောင်ရည်အကောင်းဆုံး Mobile Chipset တစ်ခုဖြစ်တဲ့ A13 Bionic Chip ကို အသုံးပြုထားတာဖြစ်ပေမယ့် $399 နဲ့ စတင်ရောင်းချခဲ့တဲ့အတွက် လူစိတ်ဝင်စားမှုအများအပြားရရှိခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

အခုလည်း DxOMark ကနေ အဆိုပါ iPhone SE 2020 ရဲ့ Audio ပိုင်းစွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့ပြီး ရမှတ်တွေက $399 တန်ဖုန်းတစ်လုံးအနေနဲ့ အထင်ကြီးစရာကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ Flagship စမတ်ဖုန်းတွေနီးပါးလို့တောင် ပြောနိုင်တဲ့ Audio Score မှာ Overall အနေနဲ့ ရမှတ် ၇၀ မှတ်အထိရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။

Apple iPhone SE ဟာ လက်ရှိ Apple Flagship ဖုန်းတွေဖြစ်တဲ့ iPhone 11 Pro Max ၊ iPhone 11 ဖုန်းတွေရဲ့ Audio Quality ရမှတ်အောက်မှာရှိနေပေမယ့် Samsung ရဲ့ အကောင်းဆုံး Flagship ဖုန်းဖြစ်တဲ့ Galaxy S20 Ultra ထက်တောင် Overall ရမှတ် ၁ မှတ်ပိုများနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အလားတူစျေးဝန်းကျင်မှာရှိနေတဲ့ Mid Range ဖုန်းတွေအားလုံးထဲမှာ CPU Performance တင်မဟုတ်ဘဲ Audio Quality ပိုင်းမှာလည်း Quality အကောင်းဆုံးဖုန်းလို့ သတ်မှတ်နိုင်မှာပါ။

iPhone SE 2020 ဟာ Audio Playback ပိုင်းမှာ ရမှတ် ၆၉ မှတ်နဲ့ Audio Recording ပိုင်းမှာ ရမှတ် ၇၃ မှတ်အသီးသီးရရှိခဲ့ပြီးတော့ DxOMark ကတော့ Overall အကုန်လုံးနီးပါး အားရဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – Gizmo China