Apple က ဈေးနှုန်းချိုသာတဲ့ iPhone SE တွေကို ထုတ်လုပ်ရောင်းချနေတာ မော်ဒယ် ၃ ခု ရှိပါပြီ။ အခုတော့ Apple ဟာ iPhone SE 4 အတွက် အဓိက ပြောင်းလဲမှု အနည်းငယ်ကို ပြုလုပ်တော့မှာပါ။ ၂၀၂၃ ခုနှစ် နွေဦးမှာ ကြေညာနိုင်တဲ့ iPhone SE 4 ကို Flagship Killer အဖြစ် ကုမ္ပဏီက ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပြီး Android ဖုန်းများစွာအတွက် စိုးရိမ်စရာပါ။

iPhone SE 4 could launch with an OLED panel instead of LCD - NotebookCheck.net News

iPhone SE မော်ဒယ်တွေဟာ ရောင်းအားကောင်းပေမယ့် Flagship Killer မဟုတ်သလို ပေးရတဲ့ ဈေးထက် တန်တဲ့ ဖုန်းတွေလည်း မဟုတ်ပါဘူး။ အခုတော့ နောက်ထုတ်မယ့် မော်ဒယ်မှာ ဒါတွေဟာ ပြောင်းလဲသွားတော့မှာပါ။

iPhone SE 4 Rumored to Feature 6.1-Inch LCD Display With Notch - MacRumors

iPhone SE 4 မှာ Apple ဟာ Touch ID အစား Face ID နဲ့ အဆင့်မြှင့်ထားနိုင်ပြီး ပေါက်ကြားနေတဲ့ သတင်းတွေအရ iPhone XR ရဲ့ ၆.၁ လက်မ 720p LCD မျက်နှာပြင် တပ်ဆင်ထားမှာပါ။ ဒါဟာ ၂၀၂၄ ခုနှစ်ထုတ် ဖုန်း ၁ လုံးအတွက် စိတ်ပျက်စရာ ဖြစ်ပြီး ဒီနေ့ခေတ်ဖုန်းတွေမှာ Full HD မျက်နှာပြင် ထည့်ထားကြပါတယ်။ iPhone SE 4 မှာ IP67 စံနှုန်း ပါလာနိုင်ပြီး 20W Charging နဲ့ 7.5W Wireless Charging ထောက်ပံ့တဲ့ 3,000mAh တပ်ဆင်ထားနိုင်ပါတယ်။

Apple ရဲ့ နောက်ဆုံးထုတ် A16 Bionic Chipset မောင်းနှင်ထားနိုင်ပြီး iPhone 14 Pro Series မှာလည်း အဲဒီ Chip ထည့်ထားပါတယ်။ ကင်မရာ အပိုင်းမှာ 12MP ကို အနောက်နဲ့ 7MP ကို အရှေ့ဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။

အဲဒီ Specs တွေဟာ ပေါက်ကြားသတင်းတွေက ရတာ ဖြစ်ပြီး Apple ဟာ iPhone SE 4 ကို Flagship Killer အဖြစ် ဘယ်လို ဖန်တီးထားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina