[Zawgyi]

Apple ဟာ ဒီႏွစ္ထဲထုတ္မယ့္ iPhone ေတြကို လုံးဝဒီဇိုင္းအသစ္နဲ႔ ထုတ္သြားမွာမဟုတ္ဘဲ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကထုတ္ခဲ့တဲ့ iPhone XR, XS နဲ႔ XS Max ေတြကိုပဲ ၅၀ရာခိုင္ႏႈန္းေလာက္ ေျပာင္းလဲျမႇင့္တင္ၿပီး ထုတ္လုပ္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

၂၀၁၈ iPhone XR ကို ဆက္ခံမယ့္ မ်ိဳးဆက္သစ္ iPhone XR ကေတာ့ ေက်ာဘက္မွာ ကင္မရာႏွစ္လုံးတပ္ဆင္ထားၿပီး အေရွ႕ဘက္မွာ အရင္အတိုင္း ႀကီးမားတဲ့ Notch နဲ႔ျဖစ္ပါတယ္။ ဒီဇိုင္းအျပင္အဆင္ကလည္း သိပ္ၿပီးေတာ့ ကြာျခားမႈ ရွိမွာမဟုတ္ဘူးလို႔ သိထားရပါတယ္။

၂၀၁၉ iPhone XR နဲ႔ ပတ္သက္ၿပီး တ႐ုတ္ဘက္ကေန ထြက္ေပၚလာတဲ့သတင္းတစ္ခုကေတာ့ 3,100mAh ဘက္ထရီကို တပ္ဆင္ေပးထားမယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။ တ႐ုတ္ရဲ႕ ATL (Ameperx Technology Limited) ဟာ 3,100mAh ပမာဏရွိတဲ့ ဘက္ထရီေတြကို အလုံးလိုက္အရင္းလိုက္ ထုတ္လုပ္ေနၿပီး ထုတ္ပိုးျပင္ဆင္မႈကေတာ့ Huapu Technology က ျပဳလုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ၂၀၁၈ iPhone XR ရဲ႕ 2,942mAh ဆိုတဲ့ ပမာဏနဲ႔ႏႈိင္းယွဥ္လိုက္မယ္ဆိုရင္ ၅ ရာခိုင္ႏႈန္း ပိုၿပီးမ်ားလာတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဘက္ထရီေတြဟာ Single cell (ဆဲလ္တစ္ခုတည္း) ေတြျဖစ္ၾကၿပီး iPhone ေတြထဲမွာ ပမာဏအမ်ားဆုံး Single cell ဘက္ထရီ ျဖစ္လာပါလိမ့္မယ္။ ၂၀၁၈ iPone XS နဲ႔ XS Max တို႔မွာ အသုံးျပဳထားတဲ့ ဘက္ထရီေတြက ဘက္ထရီ ဆဲလ္ႏွစ္ခုကို ေပါင္းစည္းထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ပိုမ်ားတဲ့ ဘက္ထရီပမာဏနဲ႔ iPhone XR (2019) ဟာ ဒုတိယမ်ိဳးဆက္ 7nm Apple A13 chipset နဲ႔ ေပါင္းစည္းလိုက္မယ္ဆိုရင္ ဘက္ထရီအသုံးျပဳႏိုင္ခ်ိန္ ပိုၿပီးေတာ့ မ်ားျပားလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ လက္ရွိ iPhone XR ကို စမ္းသပ္ၾကည့္တဲ့ရလဒ္က တစ္ႀကိမ္အားသြင္းၿပီးရင္ ၁၅ နာရီၾကာ ဗီဒီယို ၾကည့္ရႈႏိုင္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ မ်ိဳးဆက္သစ္ iPhone XR အေနနဲ႔ ဒီထက္ပိုတဲ့ အသုံးျပဳခ်ိန္ကို ေမွ်ာ္လင့္ႏိုင္မယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

iPhone XR (2019) မှာ ဘက်ထရီပမာဏ ၅ရာခိုင်နှုန်း ပိုကြီးလာမယ်လို့ သတင်းထွက်ပေါ်လာ

Apple ဟာ ဒီနှစ်ထဲထုတ်မယ့် iPhone တွေကို လုံးဝဒီဇိုင်းအသစ်နဲ့ ထုတ်သွားမှာမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကထုတ်ခဲ့တဲ့ iPhone XR, XS နဲ့ XS Max တွေကိုပဲ ၅၀ရာခိုင်နှုန်းလောက် ပြောင်းလဲမြှင့်တင်ပြီး ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

၂၀၁၈ iPhone XR ကို ဆက်ခံမယ့် မျိုးဆက်သစ် iPhone XR ကတော့ ကျောဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး အရှေ့ဘက်မှာ အရင်အတိုင်း ကြီးမားတဲ့ Notch နဲ့ဖြစ်ပါတယ်။ ဒီဇိုင်းအပြင်အဆင်ကလည်း သိပ်ပြီးတော့ ကွာခြားမှု ရှိမှာမဟုတ်ဘူးလို့ သိထားရပါတယ်။

၂၀၁၉ iPhone XR နဲ့ ပတ်သက်ပြီး တရုတ်ဘက်ကနေ ထွက်ပေါ်လာတဲ့သတင်းတစ်ခုကတော့ 3,100mAh ဘက်ထရီကို တပ်ဆင်ပေးထားမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ ATL (Ameperx Technology Limited) ဟာ 3,100mAh ပမာဏရှိတဲ့ ဘက်ထရီတွေကို အလုံးလိုက်အရင်းလိုက် ထုတ်လုပ်နေပြီး ထုတ်ပိုးပြင်ဆင်မှုကတော့ Huapu Technology က ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ၂၀၁၈ iPhone XR ရဲ့ 2,942mAh ဆိုတဲ့ ပမာဏနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် ၅ ရာခိုင်နှုန်း ပိုပြီးများလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘက်ထရီတွေဟာ Single cell (ဆဲလ်တစ်ခုတည်း) တွေဖြစ်ကြပြီး iPhone တွေထဲမှာ ပမာဏအများဆုံး Single cell ဘက်ထရီ ဖြစ်လာပါလိမ့်မယ်။ ၂၀၁၈ iPone XS နဲ့ XS Max တို့မှာ အသုံးပြုထားတဲ့ ဘက်ထရီတွေက ဘက်ထရီ ဆဲလ်နှစ်ခုကို ပေါင်းစည်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ပိုများတဲ့ ဘက်ထရီပမာဏနဲ့ iPhone XR (2019) ဟာ ဒုတိယမျိုးဆက် 7nm Apple A13 chipset နဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ဘက်ထရီအသုံးပြုနိုင်ချိန် ပိုပြီးတော့ များပြားလာမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိ iPhone XR ကို စမ်းသပ်ကြည့်တဲ့ရလဒ်က တစ်ကြိမ်အားသွင်းပြီးရင် ၁၅ နာရီကြာ ဗီဒီယို ကြည့်ရှုနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် မျိုးဆက်သစ် iPhone XR အနေနဲ့ ဒီထက်ပိုတဲ့ အသုံးပြုချိန်ကို မျှော်လင့်နိုင်မယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSMArena