Zawgyi

Apple ကေန ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက iPhone 11 အသစ္ေတြကို မိတ္ဆက္ထားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ အဆိုပါ iPhone 11 Series အသစ္ေတြက ထင္ထားတာထက္ေတာင္ သိသိသာသာေရာင္းအားေကာင္းေနတဲ့ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Apple ကေန 2019 iPhone ေတြကို ပုံမွန္ထက္ ၁၀ ရာခိုင္ႏႈန္းေလာက္ပိုၿပီးေတာ့ ေရာင္းခ်သြားမယ္ဆိုၿပီး Apple နဲ႔ ပတ္သတ္တဲ့သတင္းေတြကို အၿမဲခန္႔မွန္းေနတတ္တဲ့ Analyst Ming-Chi Kuo ကေန ေျပာၾကားလိုက္တာေၾကာင့္ျဖစ္ပါတယ္။ သူ႔ရဲ႕ ယခင္ခန္႔မွန္းခ်က္ျဖစ္တဲ့ ဒီႏွစ္ထဲမွာ ၆၅ သန္းကေန သန္း ၇၀ ခန္႔တင္ပို႔ေရာင္းခ်မွာကေန သန္း ၇၀ ကေန ၇၅ သန္းအထိကို တင္ပို႔ေရာင္းခ်ဖို႔ကို ေျပာင္းလဲသတ္မွတ္လိုက္တာပါ။

အခုလိုမ်ိဳး Apple အေနနဲ႔ ယခင္ထက္ပိုၿပီး iPhone ေတြကို တိုးၿပီး ထုတ္လုပ္မယ္ဆိုတာကလည္း ဒီႏွစ္ထုတ္ထားတဲ့ iPhone 11 ဟာ မႏွစ္တုန္းက iPhone XR နဲ႔ ယွဥ္ရင္ ေဒၚလာ ၅၀ ခန္႔ပိုၿပီးသက္သာတဲ့အျပင္ စြမ္းေဆာင္ရည္ပိုင္းလည္း ပိုသာေနတာက iPhone 6 ၊ 6s နဲ႔ iPhone 7 အသုံးျပဳတဲ့သူေတြအတြက္ Upgrade လုပ္သင့္တဲ့ႏွစ္တစ္ႏွစ္ျဖစ္လာတာေၾကာင့္လို႔ ေျပာၾကားခဲ့ပါတယ္။

Apple ဟာ အခုအခ်ိန္မွာ Supplier ေတြကိုလည္း Production ကို ၁၀ ရာခိုင္ႏႈန္းအထိတိုးျမႇင့္ထုတ္လုပ္ဖို႔ကို အတည္ျပဳေျပာၾကားလိုက္ၿပီျဖစ္ၿပီးေတာ့ အဆိုပါ ပမာဏက အလုံးေရအေနနဲ႔ၾကည့္မယ္ဆိုရင္ ၇ သန္းကေန ၈ သန္းေလာက္ပိုၿပီး တိုးလာမွာျဖစ္ပါတယ္။ Tim Cook ကိုယ္တိုင္တုန္းကလည္း Apple iPhone 11 ဖုန္းေတြဟာ စစျခင္းေရာင္းအားက ထင္ထားတာထက္ေတာင္ ေကာင္းေနခဲ့တယ္ဆိုၿပီး ဂ်ာမန္သတင္းမီဒီယာတစ္ခုကို ေျပာၾကားခဲ့ဖူးပါေသးတယ္။

အခုႏွစ္ရဲ႕ iPhone 11 Series စမတ္ဖုန္းေတြဟာ အဓိကအေနနဲ႔ Camera ပိုင္းကို သိသိသာသာ Upgrade လုပ္လာၿပီးေတာ့ Ultrawide Camera နဲ႔ Night Mode လို Feature ေတြကိုလည္း ထည့္သြင္းလာခဲ့တာျဖစ္ပါတယ္။ ဒ့ါအျပင္ A13 Bionic Processor နဲ႔ ပိုေကာင္းတဲ့ Battery Life ေတြေၾကာင့္ Review ေတြမွာလည္း အေကာင္းဘက္ေဝဖန္ခံေနရတဲ့ဖုန္းေတြျဖစ္ေနတာပါ။

Ref – Phone Arena

Unicode

Apple ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက iPhone 11 အသစ်တွေကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ iPhone 11 Series အသစ်တွေက ထင်ထားတာထက်တောင် သိသိသာသာရောင်းအားကောင်းနေတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Apple ကနေ 2019 iPhone တွေကို ပုံမှန်ထက် ၁၀ ရာခိုင်နှုန်းလောက်ပိုပြီးတော့ ရောင်းချသွားမယ်ဆိုပြီး Apple နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲခန့်မှန်းနေတတ်တဲ့ Analyst Ming-Chi Kuo ကနေ ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ သူ့ရဲ့ ယခင်ခန့်မှန်းချက်ဖြစ်တဲ့ ဒီနှစ်ထဲမှာ ၆၅ သန်းကနေ သန်း ၇၀ ခန့်တင်ပို့ရောင်းချမှာကနေ သန်း ၇၀ ကနေ ၇၅ သန်းအထိကို တင်ပို့ရောင်းချဖို့ကို ပြောင်းလဲသတ်မှတ်လိုက်တာပါ။

အခုလိုမျိုး Apple အနေနဲ့ ယခင်ထက်ပိုပြီး iPhone တွေကို တိုးပြီး ထုတ်လုပ်မယ်ဆိုတာကလည်း ဒီနှစ်ထုတ်ထားတဲ့ iPhone 11 ဟာ မနှစ်တုန်းက iPhone XR နဲ့ ယှဥ်ရင် ဒေါ်လာ ၅၀ ခန့်ပိုပြီးသက်သာတဲ့အပြင် စွမ်းဆောင်ရည်ပိုင်းလည်း ပိုသာနေတာက iPhone 6 ၊ 6s နဲ့ iPhone 7 အသုံးပြုတဲ့သူတွေအတွက် Upgrade လုပ်သင့်တဲ့နှစ်တစ်နှစ်ဖြစ်လာတာကြောင့်လို့ ပြောကြားခဲ့ပါတယ်။

Apple ဟာ အခုအချိန်မှာ Supplier တွေကိုလည်း Production ကို ၁၀ ရာခိုင်နှုန်းအထိတိုးမြှင့်ထုတ်လုပ်ဖို့ကို အတည်ပြုပြောကြားလိုက်ပြီဖြစ်ပြီးတော့ အဆိုပါ ပမာဏက အလုံးရေအနေနဲ့ကြည့်မယ်ဆိုရင် ၇ သန်းကနေ ၈ သန်းလောက်ပိုပြီး တိုးလာမှာဖြစ်ပါတယ်။ Tim Cook ကိုယ်တိုင်တုန်းကလည်း Apple iPhone 11 ဖုန်းတွေဟာ စစခြင်းရောင်းအားက ထင်ထားတာထက်တောင် ကောင်းနေခဲ့တယ်ဆိုပြီး ဂျာမန်သတင်းမီဒီယာတစ်ခုကို ပြောကြားခဲ့ဖူးပါသေးတယ်။

အခုနှစ်ရဲ့ iPhone 11 Series စမတ်ဖုန်းတွေဟာ အဓိကအနေနဲ့ Camera ပိုင်းကို သိသိသာသာ Upgrade လုပ်လာပြီးတော့ Ultrawide Camera နဲ့ Night Mode လို Feature တွေကိုလည်း ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် A13 Bionic Processor နဲ့ ပိုကောင်းတဲ့ Battery Life တွေကြောင့် Review တွေမှာလည်း အကောင်းဘက်ဝေဖန်ခံနေရတဲ့ဖုန်းတွေဖြစ်နေတာပါ။

Ref – Phone Arena