[Zawgyi]

AirPods လို႔ေျပာလိုက္ရင္ အရည္အေသြးေကာင္းတဲ့ ႀကိဳးမဲ့နားၾကပ္ ေလးေတြမွန္း အားလုံးသိၾကပါတယ္။ ကမာၻမွာလည္း လူႀကိဳက္မ်ားတဲ့ နားၾကပ္ေလးေတြပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ဒုတိယမ်ိဳးဆက္ AirPods ေတြကေတာ့ ေမွ်ာ္မွန္းထားသေလာက္ ေရာင္းအားမေကာင္းခဲ့တာ အမွန္ပါ။

ႏိုဝင္ဘာလကုန္ဆုံးဖို႔နီးကပ္လာခ်ိန္မွာေတာ့ Apple ရဲ႕ AirPods နဲ႔ AirPods Pro တို႔ဟာ ေရာင္းအားေကာင္းေနတာေၾကာင့္ ကုမၸဏီအေနနဲ႔ ထုတ္လုပ္မႈကို ႏွစ္ဆအထိတိုးျမႇင့္ေနရတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒီသတင္းကို Nikkei Asian Review ကေန ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

AirPods Pro ကို ထုတ္လုပ္ရာမွာ မိတ္ဖက္ျဖစ္တဲ့ Luxshare-ICT ဟာ တ႐ုတ္ႏိုင္ငံ မွာ စက္႐ုံႏွစ္႐ုံ ရွိထားပါတယ္။ ဒီစက္႐ုံကေန ထြက္လာတဲ့သတင္းအရ Apple ဟာ တစ္လကို ယူနစ္ တစ္သန္းအထိလိုအပ္ေနရာကေန ႏွစ္ဆအျဖစ္ ယူနစ္ ႏွစ္သန္းအထိ လိုအပ္ခ်က္တိုးျမင့္လာတယ္လို႔ သိရပါတယ္။

Wireless charging case နဲ႔ သာမန္ AirPods ေတြကေတာ့ ဗီယက္နမ္အေျခစိုက္ စက္႐ုံျဖစ္တဲ့ GoerTek မွာ တပ္ဆင္ထုတ္လုပ္တာျဖစ္ပါတယ္။ ဒါေပမယ့္ AirPods ေတြလည္း Aripod Pro ေလာက္ မမ်ားဘူးဆိုေပမယ့္ ထုတ္လုပ္မႈပမာဏကေတာ့ တိုးျမင့္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။ ႀကိဳးမဲ့နားၾကပ္ေတြဟာ Apple ရဲ႕ ထုတ္ကုန္ေတြထဲမွာ လွ်င္လွ်င္ျမန္ျမန္နဲ႔ ဖြံ႕ၿဖိဳးတိုးတက္လာတဲ့ ထုတ္ကုန္တစ္ခုလည္းျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Apple ဟာ AirPods နဲ့ AirPods Pro ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်နေကြောင်း သတင်းထွက်ပေါ်လာ

AirPods လို့ပြောလိုက်ရင် အရည်အသွေးကောင်းတဲ့ ကြိုးမဲ့နားကြပ် လေးတွေမှန်း အားလုံးသိကြပါတယ်။ ကမ္ဘာမှာလည်း လူကြိုက်များတဲ့ နားကြပ်လေးတွေပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒုတိယမျိုးဆက် AirPods တွေကတော့ မျှော်မှန်းထားသလောက် ရောင်းအားမကောင်းခဲ့တာ အမှန်ပါ။

နိုဝင်ဘာလကုန်ဆုံးဖို့နီးကပ်လာချိန်မှာတော့ Apple ရဲ့ AirPods နဲ့ AirPods Pro တို့ဟာ ရောင်းအားကောင်းနေတာကြောင့် ကုမ္ပဏီအနေနဲ့ ထုတ်လုပ်မှုကို နှစ်ဆအထိတိုးမြှင့်နေရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းကို Nikkei Asian Review ကနေ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

AirPods Pro ကို ထုတ်လုပ်ရာမှာ မိတ်ဖက်ဖြစ်တဲ့ Luxshare-ICT ဟာ တရုတ်နိုင်ငံ မှာ စက်ရုံနှစ်ရုံ ရှိထားပါတယ်။ ဒီစက်ရုံကနေ ထွက်လာတဲ့သတင်းအရ Apple ဟာ တစ်လကို ယူနစ် တစ်သန်းအထိလိုအပ်နေရာကနေ နှစ်ဆအဖြစ် ယူနစ် နှစ်သန်းအထိ လိုအပ်ချက်တိုးမြင့်လာတယ်လို့ သိရပါတယ်။

Wireless charging case နဲ့ သာမန် AirPods တွေကတော့ ဗီယက်နမ်အခြေစိုက် စက်ရုံဖြစ်တဲ့ GoerTek မှာ တပ်ဆင်ထုတ်လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် AirPods တွေလည်း Aripod Pro လောက် မများဘူးဆိုပေမယ့် ထုတ်လုပ်မှုပမာဏကတော့ တိုးမြင့်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ကြိုးမဲ့နားကြပ်တွေဟာ Apple ရဲ့ ထုတ်ကုန်တွေထဲမှာ လျှင်လျှင်မြန်မြန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ထုတ်ကုန်တစ်ခုလည်းဖြစ်ပါတယ်။

Ref: GSM Arena