[Zawgyi]

Fortune မဂၢဇင္းဟာ ႏွစ္စဥ္ႏွစ္တိုင္း တစ္ႏွစ္တာအတြင္း ကမာၻ႔ထိပ္တန္းနည္းပညာကုမၸဏီ ၅၀၀ ကို ေ႐ြးၿပီး ထုတ္ျပန္ေပးေလ့ရွိပါတယ္။ ဒီႏွစ္မွာေတာ့ Fortune မဂၢဇင္းရဲ႕ အဆင့္သတ္မွတ္ခ်က္မွာ Apple က မိုလ္ဘိုင္းနည္းပညာကုမၸဏီေတြရဲ႕ ထိပ္ဆုံးေနရာကို သိမ္းပိုက္ႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

မိုလ္ဘိုင္း နည္းပညာေလာကမွာေတာ့ Apple က အခုအခ်ိန္ထိ ဦးေဆာင္ႏိုင္တုန္း ျဖစ္ပါတယ္။ အလုံးစုံၿခဳံငုံအဆင့္သတ္မွတ္ခ်က္မွာေတာ့ Apple အဆင့္ ၁၁ သာရွိပါတယ္။ ဒါေပမယ့္ Apple ရဲ႕ေနာက္မွာ Samsung က အဆင့္ ၁၅ နဲ႔ ဒုတိယအျဖစ္ ရပ္တည္ေနၿပီး တတိယေနရာကေတာ့ Google ရဲ႕ ပင္မမိခင္လုပ္ငန္းစုႀကီးျဖစ္တဲ့ Alphabet ျဖစ္ပါတယ္။

Huawei ကေတာ့ စတုတၳေနရာမွာျဖစ္ေပမယ့္ အလုံးစုံၿခဳံငုံအဆင့္သတ္မွတ္ခ်က္မွာေတာ့ ၆၁ ေနရာမွာ ျဖစ္ပါတယ္။ ဒီေနာက္မွာမွ Sony, LG, Nokia, Xiaomi တို႔က အစဥ္လိုက္ရပ္တည္ေနၾကတာကိုေတြ႕ရပါတယ္။ Xiaomi ဟာ အလုံးစုံၿခဳံငုံအဆင့္သတ္မွတ္ခ်က္မွာ ၄၆၈ ျဖစ္ၿပီး ဒီႏွစ္မွာမွ ထိပ္ဆုံး ကုမၸဏီ ၅၀၀ ထဲကို ဝင္ေရာက္လာတာလည္း ျဖစ္ပါတယ္။

Apple ရဲ႕ ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၂၆၅၅၉၅ မီလီယံျဖစ္ၿပီး ဝင္ေငြရာခိုင္ႏႈန္းေျပာင္းလဲမႈက ၁၅.၉% ျဖစ္တယ္လို႔လည္း သိရပါတယ္။ အျမတ္ေငြကေတာ့ အေမရိကန္ေဒၚလာ ၅၉၅၃၁ မီလီယံ ျဖစ္ၿပီး အျမတ္ရာခိုင္ႏႈန္းေျပာင္းလဲမႈဟာ ၂၃.၁% ျဖစ္တာကိုလည္း ေတြ႕ျမင္ရပါတယ္။

Ref: GSM Arena

[Unicode]

Fortune Global 500 Ranking အရ မိုလ်ဘိုင်းနည်းပညာကုမ္ပဏီတွေထဲမှာ Apple က ဦးဆောင်ထားဆဲဖြစ်ကြောင်း တွေ့ရ

Fortune မဂ္ဂဇင်းဟာ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာအတွင်း ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီ ၅၀၀ ကို ရွေးပြီး ထုတ်ပြန်ပေးလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ Fortune မဂ္ဂဇင်းရဲ့ အဆင့်သတ်မှတ်ချက်မှာ Apple က မိုလ်ဘိုင်းနည်းပညာကုမ္ပဏီတွေရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။

မိုလ်ဘိုင်း နည်းပညာလောကမှာတော့ Apple က အခုအချိန်ထိ ဦးဆောင်နိုင်တုန်း ဖြစ်ပါတယ်။ အလုံးစုံခြုံငုံအဆင့်သတ်မှတ်ချက်မှာတော့ Apple အဆင့် ၁၁ သာရှိပါတယ်။ ဒါပေမယ့် Apple ရဲ့နောက်မှာ Samsung က အဆင့် ၁၅ နဲ့ ဒုတိယအဖြစ် ရပ်တည်နေပြီး တတိယနေရာကတော့ Google ရဲ့ ပင်မမိခင်လုပ်ငန်းစုကြီးဖြစ်တဲ့ Alphabet ဖြစ်ပါတယ်။

Huawei ကတော့ စတုတ္ထနေရာမှာဖြစ်ပေမယ့် အလုံးစုံခြုံငုံအဆင့်သတ်မှတ်ချက်မှာတော့ ၆၁ နေရာမှာ ဖြစ်ပါတယ်။ ဒီနောက်မှာမှ Sony, LG, Nokia, Xiaomi တို့က အစဉ်လိုက်ရပ်တည်နေကြတာကိုတွေ့ရပါတယ်။ Xiaomi ဟာ အလုံးစုံခြုံငုံအဆင့်သတ်မှတ်ချက်မှာ ၄၆၈ ဖြစ်ပြီး ဒီနှစ်မှာမှ ထိပ်ဆုံး ကုမ္ပဏီ ၅၀၀ ထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

Apple ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၆၅၅၉၅ မီလီယံဖြစ်ပြီး ဝင်ငွေရာခိုင်နှုန်းပြောင်းလဲမှုက ၁၅.၉% ဖြစ်တယ်လို့လည်း သိရပါတယ်။ အမြတ်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၉၅၃၁ မီလီယံ ဖြစ်ပြီး အမြတ်ရာခိုင်နှုန်းပြောင်းလဲမှုဟာ ၂၃.၁% ဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။

Ref: GSM Arena