Apple ဟာ NAND memory chip အရေအတွက်ကို ပိုပြီးလိုအပ်နေတာကြောင့် နောက်ထပ်တတိယမြောက် Supplier ကို ရှာဖွေနေတယ်လို့ Bloomberg က ရေးသားဖော်ပြလိုက်ပါတယ်။ လက်ရှိအချိန်မှာ Apple ရဲ့ အကြီးမားဆုံး ကန်ထရိုက်တာက Samsung ဖြစ်ပါတယ်။

Apple အတွက် NAND chip တွေကို တင်သွင်းရာမှာ ဒုတိယအမြောက်အများဆုံးက SKHynix ပါပဲ။ ဒါပေမဲ့လည်း Cupertino အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ တရုတ် Semiconductor ဖြစ်တဲ့ Yangtze Memory Technologies ကို မျက်စိကျနေတယ်လို့ ဒီကိစ္စနဲ့ ရင်းနှီးကျွမ်းဝင်သူတွေက ပြောဆိုနေကြပါတယ်။

Chip ဝယ်ယူမှုနဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို အပြီးမသတ်ရသေးပေမဲ့လည်း ထုတ်လုပ်သူကတော့ သူတို့ရဲ့ ထုတ်ကုန်နမူနာတွေကို Apple ဆီ တင်ပြထားပြီးဖြစ်သလို၊ အတည်ပြုချက်လည်း ရရှိထားပြီးဖြစ်တယ်လို့ ထုတ်လုပ်မှုနယ်ပယ်တွင်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ဒါ့အပြင် အရောင်းအဝယ်ကိစ္စအတွက် လိုအပ်ချက်တွေအားလုံးလည်း ပြည့်မီပြီးဖြစ်ကြောင်းသိရပြီး NAND chip တွေကို လာမဲ့မေလမှာ စတင်ပို့ဆောင်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Yangtze ရဲ့ Chip ဒီဇိုင်းဟာ Samsung နဲ့ အခြား Memory chip ထုတ်လုပ်သူတွေရဲ့နောက်မျိုးဆက်သစ်တစ်ခု ဖြစ်နေပါတယ်။

ဒါကြောင့် Apple ဟာ ဒီနှစ်ရဲ့ iPhone SE လိုမျိုး သူ့ရဲ့ Entry-level ဟန်းဆက်တွေအတွက် Yangtze ရဲ့ NAND flash ကို အသုံးပြုမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။

Ref: GSM Arena