Apple ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက $399 တန် iPhone SE ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ iPhone SE စမတ်ဖုန်းဟာ Design ပိုင်းအရတော့ iPhone 8 နဲ့ ဆင်တူပေမယ့် iPhone 11 Series မှာ အသုံးပြုထားတဲ့ A13 Bionic Chip အပြင် အဆင့်မြှင့်တင်ထားတဲ့ 12MP Single Camera ကိုပါထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Apple အနေနဲ့ ယခုလိုမျိုး A13 Bionic Chip ကို iPhone 8 ကိုယ်ထည်မှာထည့်သွင်းပြီး $399 နဲ့ ရောင်းချတဲ့အတွက် ရောင်းအားအကောင်းဆုံး iPhone ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြသလို တဖက်ကလည်း 4.7″ ပဲရှိတဲ့ Screen Size ကို ဝေဖန်မှုတွေကြုံတွေ့နေရပါတယ်။

အဲ့ဒီအတွက် Apple ကနေ Screen Size ပိုကြီးတဲ့ iPhone SE Plus ကိုပါ မိတ်ဆက်လာတော့မယ့် ပုံစံပါပဲ။ အခုသတင်းကိုတေ့ာ iPhone SE နဲ့ ပတ်သက်တဲ့သတင်းတွေကို မှန်ကန်စွာခန့်မှန်းနိုင်ခဲ့တဲ့ Jon Prosser ကနေ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ iPhone SE ဟာ iPhone 8 Design ကို အသုံးပြုထားတဲ့အတွက် iPhone SE Plus က iPhone 8 Plus Design ကို အသုံးပြုလာဖို့များနေပါတယ်။

ယခင်တုန်းကလည်း Apple ကနေ iPhone 9 နဲ့ iPhone 9 Plus ဖုန်းကိုပါ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ဖူးပါတယ်။ လောလောဆယ်သိထားတဲ့သတင်းတွေအရ iPhone SE Plus ရဲ့ Dual Camera Setup ဟာ ထုတ်လုပ်မှုပိုင်းမှာ ကြန့်ကြာနေတဲ့အတွက် iPhone SE နဲ့အတူ မမိတ်ဆက်နိုင်တာဖြစ်တယ်ဆိုပြီး ထင်ကြေးပေးနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone SE ရဲ့ 4.7″ Display ကို အရွယ်အစားသေးတယ်လို့ ဝေဖန်နေတဲ့သူတွေအတွက် iPhone SE Plus ရဲ့ 5.5″ Display ကရော ဘယ်လိုမျိုးဝေဖန်မှုတွေခံရမလဲဆိုတာကို ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref – Gizmo China