[Zawgyi]

Apple ဟာ သူ႔ရဲ႕ နာမည္ေက်ာ္ Face ID ကို iPhone ကေန iPad ေတြဆီ သယ္ေဆာင္လာခဲ့ၿပီးတဲ့ေနာက္ Mac ေတြဆီလည္း ပို႔ေဆာင္ဦးမယ္လို႔ ယူဆရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၿပီးခဲ့တဲ့ ရက္တုန္းက Apple ရဲ႕ မူပိုင္ခြင့္ေလွ်ာက္ထားမႈထဲမွာ Mac အတြက္ Face ID လည္း ပါဝင္ေနတာကို ေတြ႕ျမင္ခဲ့ၾကရတာေၾကာင့္ပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းက Face ID ကို iPhone ေပၚမွာ ပထမဆုံး စတင္သုံးစြဲႏိုင္ခဲ့ပါတယ္။ လက္ရွိ Face Unlock ေတြထဲမွာ အားနည္းခ်က္ အနည္းဆုံးလို႔ ေျပာႏိုင္ေလာက္တဲ့ ဒီနည္းပညာကို Apple က မူပိုင္ခြင့္တင္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီတုန္းကေတာ့ Face ID ကို Mac ေတြမွာပါ ေတြ႕ျမင္ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ႏိုင္ခဲ့ၾကပါဘူး။

ဒါတင္မကေသးပါဘူး Magic Keyboard မွာလည္း Touch bar ကို ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။ Apple ဟာ Face ID အတြက္ နည္းပညာသစ္အျဖစ္ 3D map of the face အစား Retina scan (မ်က္ၾကည္လႊာနဲ႕ ေသြးေၾကာမ်ားကို ဖတ္ရႈတဲ့နည္းပညာ) ကို အသုံးျပဳသြားမယ္လို႔လည္း သိရပါတယ္။ ဒီနည္းပညာဟာ အဆင့္ျမင့္ လုံၿခဳံေရး စနစ္အခ်ိဳ႕မွာ အသုံးျပဳေနတဲ့ နည္းပညာလည္း ျဖစ္ပါတယ္။

Apple ဟာ iPhone X မွာတုန္းက သူတို႔ရဲ႕ Face ID ကို အမႊာ၊ ဒါမွမဟုတ္ ႐ုပ္ခ်င္းအေတာ္ေလးဆင္တူတဲ့ မိသားစုဝင္ ညီအစ္ကို၊ ေမာင္ႏွမေတြနဲ႔ ဖြင့္ႏိုင္ခဲ့တဲ့ အားနည္းခ်က္ကို ျပင္ဆင္ခ်င္ေနတာ ျဖစ္ပါတယ္။ 3D mask နဲ႔ ဖြင့္ႏိုင္တာမ်ိဳးကိုလည္း Apple က ျပဳျပင္ဖာေထးသြားခ်င္ေနတာပါ။

Ref: 9To5Mac

[Unicode]

Face ID ကို Mac ဆီ ပို့ဆောင်မယ့်အပြင် Retina Scan ပါ သုံးလာတော့မယ့် Apple

Apple ဟာ သူ့ရဲ့ နာမည်ကျော် Face ID ကို iPhone ကနေ iPad တွေဆီ သယ်ဆောင်လာခဲ့ပြီးတဲ့နောက် Mac တွေဆီလည်း ပို့ဆောင်ဦးမယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ရက်တုန်းက Apple ရဲ့ မူပိုင်ခွင့်လျှောက်ထားမှုထဲမှာ Mac အတွက် Face ID လည်း ပါဝင်နေတာကို တွေ့မြင်ခဲ့ကြရတာကြောင့်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Face ID ကို iPhone ပေါ်မှာ ပထမဆုံး စတင်သုံးစွဲနိုင်ခဲ့ပါတယ်။ လက်ရှိ Face Unlock တွေထဲမှာ အားနည်းချက် အနည်းဆုံးလို့ ပြောနိုင်လောက်တဲ့ ဒီနည်းပညာကို Apple က မူပိုင်ခွင့်တင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ Face ID ကို Mac တွေမှာပါ တွေ့မြင်ရလိမ့်မယ်လို့ မမျှော်လင့်နိုင်ခဲ့ကြပါဘူး။

ဒါတင်မကသေးပါဘူး Magic Keyboard မှာလည်း Touch bar ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။ Apple ဟာ Face ID အတွက် နည်းပညာသစ်အဖြစ် 3D map of the face အစား Retina scan (မျက်ကြည်လွှာနဲ့ သွေးကြောများကို ဖတ်ရှုတဲ့နည်းပညာ) ကို အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ ဒီနည်းပညာဟာ အဆင့်မြင့် လုံခြုံရေး စနစ်အချို့မှာ အသုံးပြုနေတဲ့ နည်းပညာလည်း ဖြစ်ပါတယ်။

Apple ဟာ iPhone X မှာတုန်းက သူတို့ရဲ့ Face ID ကို အမွှာ၊ ဒါမှမဟုတ် ရုပ်ချင်းအတော်လေးဆင်တူတဲ့ မိသားစုဝင် ညီအစ်ကို၊ မောင်နှမတွေနဲ့ ဖွင့်နိုင်ခဲ့တဲ့ အားနည်းချက်ကို ပြင်ဆင်ချင်နေတာ ဖြစ်ပါတယ်။ 3D mask နဲ့ ဖွင့်နိုင်တာမျိုးကိုလည်း Apple က ပြုပြင်ဖာထေးသွားချင်နေတာပါ။

Ref: 9To5Mac