[Zawgyi]

Apple သတင္းေတြနဲ႔ ပတ္သတ္ရင္ ယုံၾကည္အားထားရတဲ့ ေလ့လာဆန္းစစ္သူ Ming-Chi Kuo ဟာ ၂၀၁၉ခုႏွစ္ အတြင္းမွာ Apple လုပ္ေဆာင္သြားမယ့္ လုပ္ငန္းေဆာင္တာေတြကို ႀကိဳတင္ေဟာကိန္း ထုတ္လိုက္ပါၿပီ။ Apple အေနနဲ႔ ဒီႏွစ္ ၂၀၁၉ခုႏွစ္မွာ iPads အသစ္ေတြ၊ ၁၆လက္မ MacBook Pro အသစ္ေတြ၊ ၃၁လက္မ 6K Monitor ေတြ၊ Reverse Wireless Charging စနစ္ပါမယ့္ iPhone အသစ္ေတြနဲ႔ အျခားေသာ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားမွာျဖစ္ေၾကာင္း Kuo က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Kuo ရဲ႕ ေျပာၾကားခ်က္ေတြအရဆိုရင္ 2019 iPhone ေတြဟာ အရင္မ်ိဴးဆက္ iPhone ေတြလိုမ်ိဴး ၆.၅လက္မ၊ ၆.၁လက္မ နဲ႔ ၅.၈လက္မ Display ေတြကိုပဲ အသုံးျပဳထားမွာပါ။ အေစာပိုင္းက ထြက္ရွိထားတဲ့ ေကာလဟလသတင္းေတြလိုမ်ိဴး USB-C ကို အစားထိုးအသုံးျပဳမွာ မဟုတ္ဘဲ Lighting Connector ကိုပဲ ဆက္လက္အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ 2019 iPhone ေတြမွာ ပိုမို အဆင့္ျမင့္လာတဲ့ Face ID, တျခားဖုန္းေတြကို အားျပန္သြင္းေပးႏိုင္မယ့္ ႀကိဳးမဲ့အားသြင္းစနစ္၊ ပမာဏ ပိုႀကီးလာမယ့္ ဘက္ထရီနဲ႔ Triple Camera Setup ေတြ ပါဝင္လာမယ္လို႔လည္း Kuo က ေျပာၾကားထားပါေသးတယ္။ Kuo က ဘယ္ေမာ္ဒယ္မွာ ဘာ Features ေတြ ပါဝင္မယ္ဆိုတာ အတိအက် ေျပာျပမထားေပမယ့္ မၾကာေသးခင္က ထြက္ေပၚခဲ့တဲ့ သတင္းေတြအရဆိုရင္ေတာ့ iPhone 11 Max ေမာ္ဒယ္ တစ္မ်ိဴးတည္းသာ Triple Camera Setup ပါဝင္မယ္လို႔ သိရပါတယ္။

2019 iPad ေတြမွာေတာ့ အဆင့္ျမႇင္တင္ထားတဲ့ Processor ေတြကို အသုံးျပဳထားမွာျဖစ္ၿပီး iPad Pro ေမာ္ဒယ္ အသစ္ ၂မ်ိဴး မိတ္ဆက္လိမ့္မယ္လို႔ ေျပာၾကားထားပါတယ္။ အဆိုပါ iPad ေတြဟာ အ႐ြယ္အစားအေနနဲ႔ ၁၀.၂လက္မအထိ ႀကီးမားလာမွာျဖစ္ၿပီး ေဘာင္ေတြလည္း ပိုမိုပါးလႊာသြားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Processor အပိုင္း အဆင္ျမႇင့္တင္မႈေတြနဲ႔ ဒီဇိုင္းအပိုင္း ေျပာင္းလဲမႈေတြ ျပဳလုပ္ထားမယ့္ iPad Mini အသစ္ေတြကိုလည္း ဒီႏွစ္ထဲမွာ ျမင္ေတြ႕ရမယ္လို႔ Kuo က ေျပာၾကားထားပါတယ္။

2019 MacBook Pro ကိုေတာ့ ၁၆လက္မ ဝန္းက်င္ Display ကို အသုံးျပဳထားႏိုင္ၿပီး ဒီဇိုင္းအပိုင္း ေျပာင္းလဲမႈေတြနဲ႔အတူ ျမင္ေတြ႕ရမွာပါ။ Apple ဟာ ၃၁.၆လက္မ 6K, 3K Monitor ေတြကို မိတ္ဆက္ၿပီး Display ေစ်းကြက္ထဲကို ျပန္လည္ ဝင္ေရာက္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ iPod အသစ္ေတြကို ဒီႏွစ္ထဲမွာ ျမင္ေတြ႕ရမွာျဖစ္ၿပီး AirPods 2 ေတြကလည္း ႀကိဳးမဲ့အားသြင္းစနစ္ေတြ ရရွိလာမွာျဖစ္ေၾကာင္း Kuo က ထပ္မံ ေျပာၾကားထားပါေသးတယ္။ ဒါ့ေၾကာင့္ 2019 iPhone ေတြကေန တဆင့္ AriPods 2 ေတြကို အားသြင္းႏိုင္ေတာ့မွာပါ။

Ref : 9To5Mac

[Unicode]

၂၀၁၉ခုနှစ်အတွင်း ထွက်ရှိလာမယ့် Apple ထုတ်ကုန်များအကြောင်း

Apple သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်အားထားရတဲ့ လေ့လာဆန်းစစ်သူ Ming-Chi Kuo ဟာ ၂၀၁၉ခုနှစ် အတွင်းမှာ Apple လုပ်ဆောင်သွားမယ့် လုပ်ငန်းဆောင်တာတွေကို ကြိုတင်ဟောကိန်း ထုတ်လိုက်ပါပြီ။ Apple အနေနဲ့ ဒီနှစ် ၂၀၁၉ခုနှစ်မှာ iPads အသစ်တွေ၊ ၁၆လက်မ MacBook Pro အသစ်တွေ၊ ၃၁လက်မ 6K Monitor တွေ၊ Reverse Wireless Charging စနစ်ပါမယ့် iPhone အသစ်တွေနဲ့ အခြားသော ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားမှာဖြစ်ကြောင်း Kuo က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Kuo ရဲ့ ပြောကြားချက်တွေအရဆိုရင် 2019 iPhone တွေဟာ အရင်မျိူးဆက် iPhone တွေလိုမျိူး ၆.၅လက်မ၊ ၆.၁လက်မ နဲ့ ၅.၈လက်မ Display တွေကိုပဲ အသုံးပြုထားမှာပါ။ အစောပိုင်းက ထွက်ရှိထားတဲ့ ကောလဟလသတင်းတွေလိုမျိူး USB-C ကို အစားထိုးအသုံးပြုမှာ မဟုတ်ဘဲ Lighting Connector ကိုပဲ ဆက်လက်အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် 2019 iPhone တွေမှာ ပိုမို အဆင့်မြင့်လာတဲ့ Face ID, တခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်မယ့် ကြိုးမဲ့အားသွင်းစနစ်၊ ပမာဏ ပိုကြီးလာမယ့် ဘက်ထရီနဲ့ Triple Camera Setup တွေ ပါဝင်လာမယ်လို့လည်း Kuo က ပြောကြားထားပါသေးတယ်။ Kuo က ဘယ်မော်ဒယ်မှာ ဘာ Features တွေ ပါဝင်မယ်ဆိုတာ အတိအကျ ပြောပြမထားပေမယ့် မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆိုရင်တော့ iPhone 11 Max မော်ဒယ် တစ်မျိူးတည်းသာ Triple Camera Setup ပါဝင်မယ်လို့ သိရပါတယ်။

2019 iPad တွေမှာတော့ အဆင့်မြှင်တင်ထားတဲ့ Processor တွေကို အသုံးပြုထားမှာဖြစ်ပြီး iPad Pro မော်ဒယ် အသစ် ၂မျိူး မိတ်ဆက်လိမ့်မယ်လို့ ပြောကြားထားပါတယ်။ အဆိုပါ iPad တွေဟာ အရွယ်အစားအနေနဲ့ ၁၀.၂လက်မအထိ ကြီးမားလာမှာဖြစ်ပြီး ဘောင်တွေလည်း ပိုမိုပါးလွှာသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Processor အပိုင်း အဆင်မြှင့်တင်မှုတွေနဲ့ ဒီဇိုင်းအပိုင်း ပြောင်းလဲမှုတွေ ပြုလုပ်ထားမယ့် iPad Mini အသစ်တွေကိုလည်း ဒီနှစ်ထဲမှာ မြင်တွေ့ရမယ်လို့ Kuo က ပြောကြားထားပါတယ်။

2019 MacBook Pro ကိုတော့ ၁၆လက်မ ဝန်းကျင် Display ကို အသုံးပြုထားနိုင်ပြီး ဒီဇိုင်းအပိုင်း ပြောင်းလဲမှုတွေနဲ့အတူ မြင်တွေ့ရမှာပါ။ Apple ဟာ ၃၁.၆လက်မ 6K, 3K Monitor တွေကို မိတ်ဆက်ပြီး Display စျေးကွက်ထဲကို ပြန်လည် ဝင်ရောက်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် iPod အသစ်တွေကို ဒီနှစ်ထဲမှာ မြင်တွေ့ရမှာဖြစ်ပြီး AirPods 2 တွေကလည်း ကြိုးမဲ့အားသွင်းစနစ်တွေ ရရှိလာမှာဖြစ်ကြောင်း Kuo က ထပ်မံ ပြောကြားထားပါသေးတယ်။ ဒါ့ကြောင့် 2019 iPhone တွေကနေ တဆင့် AriPods 2 တွေကို အားသွင်းနိုင်တော့မှာပါ။

Ref : 9To5Mac