Apple ဟာ iPhone 12 Series ဖုန်းတွေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series ဟာ Apple ရဲ့ ပထမဆုံး ကိုယ်ပိုင် Wireless Charging နည်းပညာဖြစ်တဲ့ MagSafe Charging စနစ်ကို Support ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။

Apple အနေနဲ့ iPhone 12 Series တွေနဲ့အတူ MagSafe Charger ၊ MagSafe Wallet နဲ့ MagSafe Cover တွေအများအပြားကို မိတ်ဆက်ခဲ့ပြီး တခြားသော Third-party Product တွေလည်း မိတ်ဆက်ထားခဲ့ပါတယ်။ အခုအချိန်မှာတော့ Apple ကနေ iPhone 12 Series ကိုင်ဆောင်နေတဲ့သူတွေအတွက် အသုံးဝင်မယ့် MagSafe Accessory တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

ဒါကတော့ MagSafe Battery Pack ပဲဖြစ်ဖြစ်ပြီး iPhone 12 Series ဖုန်းတွေရဲ့ နောက်ကျောမှာကပ်ထားလိုက်တာနဲ့ အမြင့်ဆုံး 15W အထိ အားသွင်းနိုင်ခဲ့မယ်လို့သိရပါတယ်။ MagSafe Battery Pack ကို အားသွင်းတဲ့အချိန်မှာလည်း အမြင့်ဆုံး 20W အထိ အားသွင်းနိုင်မှာဖြစ်ပြီး MagSafe Battery Pack ကို အားသွင်းနေတုန်းလည်း iPhone ကို 5W နဲ့ အားသွင်းပေးနိုင်ဦးမှာပါ။

Apple MagSafe Battery Pack ဟာ Design အရသေးငယ်ပြီး iPhone 12 Mini လိုမျိုး ဖုန်းနဲ့ကွက်တိဖြစ်နေစေမှာပါ။ Battery Capacity အနေနဲ့ကတော့ 1460mAh Battery ပါဝင်တယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Apple MagSafe Battery Pack ကို $99 သို့မဟုတ် မြန်မာငွေ ၁ သိန်း ၆ သောင်းကျော်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အဖြုရောင်ပဲ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။

Ref – GSM Arena