[Zawgyi]

အီလက္ထေရာနစ္ ကိရိယာမ်ားမွာ ပါတဲ့ ဘက္ထရီမ်ား မီးေလာင္မႈ ျဖစ္ပြားတဲ့ သတင္းမ်ား မၾကာခဏ ထြက္ေပၚေနပါတယ္။ အခုလည္း Apple က Retina Display ပါတဲ့ ၂၀၁၅ ခုႏွစ္ထုတ္ MacBook Pro မ်ားဟာ ဘက္ထရီ မီးေလာင္ႏုိင္တယ္ဆိုၿပီး ဘက္ထရီ လဲလွယ္ေပးမယ့္ အစီအစဥ္ကို ျပဳလုပ္ေပးလိုက္ပါတယ္။   Apple က ဘက္ထရီ ျပႆနာ ရွိတဲ့ အလံုးေရဟာ နည္းပါးတယ္လို႔ ေျပာပါတယ္။ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလနဲ႔ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလမ်ားအၾကားမွာ ေရာင္းခ်ထားတဲ့ အလံုးမ်ားမွာ ဘက္ထရီ ျပႆနာ ရွိေနတာ ျဖစ္ပါတယ္။

ကုမၸဏီက တတိယမ်ိဳးဆက္ MacBook Pro မ်ားကို ၂၀၁၂ ခုႏွစ္နဲ႔ ၂၀၁၈ ခုႏွစ္မ်ားအၾကားမွာ ေရာင္းခ်ေပးထားတာ ျဖစ္ပါတယ္။ ၁၅ လက္မ MacBook Pro အလံုးတိုင္းမွာ ဒီျပႆနာ ရွိေနတာ မဟုတ္ပါဘူး။ ဘက္ထရီ ျပႆနာ ရွိေနတဲ့ လက္ပ္ေတာ့မ်ားကို ကုမၸဏီက အခမဲ့ ဘက္ထရီ လဲလွယ္ေပးမွာ ျဖစ္ပါတယ္။

အဲဒီ လက္ပ္ေတာ့မ်ားကို Apple ရဲ႕ Repair Centers မ်ားကို ယူေဆာင္ရမွာပါ။ ကုမၸဏီက ျပင္ဆင္ခ်ိန္ဟာ တစ္ပတ္ကေန ႏွစ္ပတ္ ၾကာျမင့္မယ္လို႔ ေျပာပါတယ္။ Warranty သက္တမ္းကို တိုးျမွင့္ေပးမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ ကုမၸဏီက လက္ပ္ေတာ့ရဲ႕ Serial Number ကို ရိုက္ထည့္ျခင္းျဖင့္ ျပႆနာ ရွိတဲ့ ေမာ္ဒယ္လားဆိုတာ သိႏုိင္တယ္လို႔ ေျပာပါတယ္။  ဒီလင့္ ကိုသြားၿပီး Serial Number ကို ရိုက္ထည့္ႏိုင္ပါတယ္။

ကုမၸဏီက ဘက္ထရီ ျပႆနာဟာ အျခား MacBooks မ်ားမွာ မရွိဘူးလို႔ ေျပာပါတယ္။ အဲဒီအတြက္ Retina Display ပါတဲ့ ၁၃ လက္မ MacBook Pro မ်ားဟာ စိတ္ခ်ရပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလက Apple ဟာ ၂၀၁၆ ခုႏွစ္ထုတ္ ၁၃ လက္မ MacBook Pro မ်ားကိုလည္း ဘက္ထရီ ျပႆနာေၾကာင့္ ျပန္လည္ သိမ္းယူခဲ့ဖူးပါတယ္။

Ref : theverge

[Unicode]

Apple က မီးလောင်နိုင်မှုကြောင့် ၁၅ လက်မ MacBook Pros များရဲ့ ဘက်ထရီများကို လဲလှယ်ပေးမည်

အီလက်ထရောနစ် ကိရိယာများမှာ ပါတဲ့ ဘက်ထရီများ မီးလောင်မှု ဖြစ်ပွားတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုလည်း Apple က Retina Display ပါတဲ့ ၂၀၁၅ ခုနှစ်ထုတ် MacBook Pro များဟာ ဘက်ထရီ မီးလောင်နိုင်တယ်ဆိုပြီး ဘက်ထရီ လဲလှယ်ပေးမယ့် အစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။   Apple က ဘက်ထရီ ပြဿနာ ရှိတဲ့ အလုံးရေဟာ နည်းပါးတယ်လို့ ပြောပါတယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလများအကြားမှာ ရောင်းချထားတဲ့ အလုံးများမှာ ဘက်ထရီ ပြဿနာ ရှိနေတာ ဖြစ်ပါတယ်။


ကုမ္ပဏီက တတိယမျိုးဆက် MacBook Pro များကို ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်များအကြားမှာ ရောင်းချပေးထားတာ ဖြစ်ပါတယ်။ ၁၅ လက်မ MacBook Pro အလုံးတိုင်းမှာ ဒီပြဿနာ ရှိနေတာ မဟုတ်ပါဘူး။ ဘက်ထရီ ပြဿနာ ရှိနေတဲ့ လက်ပ်တော့များကို ကုမ္ပဏီက အခမဲ့ ဘက်ထရီ လဲလှယ်ပေးမှာ ဖြစ်ပါတယ်။


အဲဒီ လက်ပ်တော့များကို Apple ရဲ့ Repair Centers များကို ယူဆောင်ရမှာပါ။ ကုမ္ပဏီက ပြင်ဆင်ချိန်ဟာ တစ်ပတ်ကနေ နှစ်ပတ် ကြာမြင့်မယ်လို့ ပြောပါတယ်။ Warranty သက်တမ်းကို တိုးမြှင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကုမ္ပဏီက လက်ပ်တော့ရဲ့ Serial Number ကို ရိုက်ထည့်ခြင်းဖြင့် ပြဿနာ ရှိတဲ့ မော်ဒယ်လားဆိုတာ သိနိုင်တယ်လို့ ပြောပါတယ်။  ဒီလင့် ကိုသွားပြီး Serial Number ကို ရိုက်ထည့်နိုင်ပါတယ်။
ကုမ္ပဏီက ဘက်ထရီ ပြဿနာဟာ အခြား MacBooks များမှာ မရှိဘူးလို့ ပြောပါတယ်။ အဲဒီအတွက် Retina Display ပါတဲ့ ၁၃ လက်မ MacBook Pro များဟာ စိတ်ချရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက Apple ဟာ ၂၀၁၆ ခုနှစ်ထုတ် ၁၃ လက်မ MacBook Pro များကိုလည်း ဘက်ထရီ ပြဿနာကြောင့် ပြန်လည် သိမ်းယူခဲ့ဖူးပါတယ်။

Ref : theverge