Apple က MGIE အမည်ရ AI ဓါတ်ပုံ ပြင်တဲ့ Tool ကို ဖြန့်ချိလိုက်ပါတယ်။ MGIE ရဲ့ အရှည်က Multimodal Large Language Models-guided Image Editing ဖြစ်ပြီး GitHub မှာ တင်ထားပေးပါတယ်။ Apple က အသုံးပြုနည်းလမ်းညွှန်ကို PDF နဲ့ ထုတ်ပေးထားပါတယ်။

Apple releases AI image generation tool called MGIE - GSMArena.com news

တော်တော်မိုက်တာက ဓါတ်ပုံတွေပြင်ဖို့ လက်နဲ့ထိစရာတောင် မလိုဘဲ စာရိုက်ထည့်လိုက်တာနဲ့ ကိစ္စပြီးပါတယ်။ Contrast , Brightness တိုးမြှင့်တာနဲ့ White Balance ကို ပြောင်းလဲတာတွေလို Editing အလုပ်တွေကို စာရိုက်ထည့်လိုက်တာနဲ့ ပြုလုပ်နိုင်ပါတယ်။ ပီဇာမှာ Topping ထည့်တာလို ရှုပ်ထွေးတဲ့အလုပ်တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

Apple releases AI image generation tool called MGIE

ဓါတ်ပုံတွေကို Crop , Resize လုပ်နိုင်ပြီး Image Border ကို Autofll လုပ်နိုင်ပါတယ်။ ဓါတ်ပုံထဲက ဆံပင်၊ မျက်လုံးနဲ့ အဝတ်အစားတွေကို ပြောင်းလဲနိုင်ပြီး ဓါတ်ပုံထဲက မလိုလားတဲ့ Object တွေကို ဖယ်ရှားနိုင်ပါတယ်။

MGIE ဟာ Apple ရဲ့ Generative AI ခရီးလမ်းရဲ့ ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။ MGIE ကို Apple ရဲ့ လက်ရှိ Device တွေမှာ ထည့်သွင်းပေးမယ့်ပုံတော့ မပေါ်သေးပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ထည့်သွင်းပေးမယ်လို့ ထင်ရပါတယ်။

Ref : gsmarena