Apple က Supported Devices တွေအတွက် iOS 13.6.1 နဲ့ iPadOS 13.6.1 ကို ဖြန့်ချိပေးလိုက်ပါတယ်။ Update မှာ ပြဿနာတွေကို အဓိက ဖြေရှင်းပေးထားပြီး လုပ်ဆောင်ချက် အသစ်တွေတော့ မပါလာပါဘူး။ Bugs တွေကို ဖြေရှင်းပေးထားတဲ့အတွက် အမြန်ဆုံး အင်စတော လုပ်သင့်ပါတယ်။

တချို့ မျက်နှာပြင်တွေမှာ အပူချိန် စီမံခန့်ခွဲမှု ကိစ္စကြောင့် အစိမ်းရောင်သမ်းတဲ့ ပြဿနာကို ဖြေရှင်းပေးထားပြီး တချို့ User တွေ တွေ့ကြုံနေရတဲ့ Exposure Notification တွေ Disable ဖြစ်နေတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးထားပါတယ်။

ဒါ့အပြင် Storage နည်းသွားတဲ့အခါမှာ မလိုအပ်တဲ့ System Data Files တွေကို အလိုလို ဖျက်ပစ်တာကိုလည်း ဖြေရှင်းပေးထားပါတယ်။ iPhone နဲ့ iPad အဟောင်းကိုင်ထားသူတွေအတွက် ဒါက အရမ်းကို အသုံးဝင်ပါတယ်။ iOS 13.6.1 Update ရဲ့ အရွယ်အစားဟာ 110MB ရှိပြီး Settings> General > Software Update ထဲကနေ ရယူနိုင်ပါတယ်။

ဒါဟာ iOS 13 ရဲ့ နောက်ဆုံးထုတ် Update ဖြစ်ပြီး iOS 14 ကို ဒီနှစ်နှောင်းပိုင်းကျမှ ဖြန့်ချိမှာ ဖြစ်ပါတယ်။ Apple အရင်နှစ်က ဖြန့်ချိတဲ့ အချိန်အတိုင်းဆိုရင် နောက်လလောက်မှာ ထွက်လာနိုင်ပါတယ်။

Ref : gsmarena