[Zawgyi]

ေတာင္ကိုရီးယားႏိုင္ငံ အေျခစိုက္ မီဒီယာတစ္ခုကေန ထြက္ေပၚလာတဲ့သတင္းအရဆိုရင္ Apple ဟာ Samsung Galaxy S10 နဲ႔ Galaxy Note 10 တို႔မွာ အသုံးျပဳခဲ့တဲ့ OLED Display Panel အမ်ိဴးအစားေတြကို iPhone 11 Series မွာ အသုံးျပဳႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ iPhone X နဲ႔ XS ေတြတုန္းက တျခားေသာ Display Panel ေတြကို အသုံးျပဳခဲ့တာျဖစ္ၿပီး ဒီတေခါက္မွာေတာ့ အဆိုပါ Display Panel ေတြကို အသုံးမျပဳႏိုင္ေတာ့ဘူးလို႔ The Elec က ေရးသားေဖာ္ျပထားပါတယ္။

The Elec ရဲ႕ အဆိုအရ iPhone X နဲ႔ XS Display ေတြရဲ႕ ကုဒ္နံပါတ္က “LT2” ျဖစ္ၿပီး၊ Galaxy S10 နဲ႔ Note 10 Display ေတြရဲ႕ ကုဒ္နံပါတ္က “M9” ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ iPhone 11 Pro ေမာ္ဒယ္မွာ အဆိုပါ M9 အမ်ိဴးအစားကို အသုံးျပဳထားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အဲ့ဒီေတာ့ ေမးစရာရွိလာတာက Apple အေနနဲ႔ LT2 အမ်ိဴးအစားေတြကို ဘာျဖစ္လို႔ ဆက္ၿပီး မသုံးေတာ့တာလဲ ဆိုတာပါ။

iPhone X, XS, XS Max

အေျဖကေတာ့ Samsung ရဲ႕ Display ေတြက Apple လိုခ်င္တဲ့ အရည္အေသြး၊ စံခ်ိန္စံၫႊန္းေတြနဲ႔ ပိုၿပီးကိုက္ညီတာေၾကာင့္ Samsung ဆီကိုပဲ ျပန္လည္ျမႇားဦးလွည့္လာတာ ျဖစ္ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ OLED iPhone ေတြရဲ႕ Display အပိုင္းနဲ႔ ပတ္သက္လာရင္ Apple အေနနဲ႔ Samsung ကို မ်က္ႏွာလႊဲခဲပစ္ လုပ္ထားလို႔ မရပါဘူး။ သိပ္မၾကာေသးခင္တုန္းကလည္း Apple ဟာ OLED Display ေတြကို မွာထားၿပီး၊ မွာထားသေလာက္ အျပည့္အဝ မယူခဲ့တဲ့အတြက္ Samsung ကို ေလ်ာ္ေၾကးေပးခဲ့ရပါေသးတယ္။

iPhone 11 Series မိတ္ဆက္ပြဲေန႔ကို Apple ဘက္က တရားဝင္ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးေပမယ့္ လာမယ့္ စက္တင္ဘာလ ၁၀ရက္ေန႔ေလာက္မွာ က်င္းပႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : 9To5Mac

[Unicode]

ခပ်ကြမ်းကြမ်း၊ ခပ်လန်းလန်း Display တွေနဲ့ ပွဲထွက်လာနိုင်တဲ့ iPhone 11 Series

တောင်ကိုရီးယားနိုင်ငံ အခြေစိုက် မီဒီယာတစ်ခုကနေ ထွက်ပေါ်လာတဲ့သတင်းအရဆိုရင် Apple ဟာ Samsung Galaxy S10 နဲ့ Galaxy Note 10 တို့မှာ အသုံးပြုခဲ့တဲ့ OLED Display Panel အမျိူးအစားတွေကို iPhone 11 Series မှာ အသုံးပြုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ iPhone X နဲ့ XS တွေတုန်းက တခြားသော Display Panel တွေကို အသုံးပြုခဲ့တာဖြစ်ပြီး ဒီတခေါက်မှာတော့ အဆိုပါ Display Panel တွေကို အသုံးမပြုနိုင်တော့ဘူးလို့ The Elec က ရေးသားဖော်ပြထားပါတယ်။

The Elec ရဲ့ အဆိုအရ iPhone X နဲ့ XS Display တွေရဲ့ ကုဒ်နံပါတ်က “LT2” ဖြစ်ပြီး၊ Galaxy S10 နဲ့ Note 10 Display တွေရဲ့ ကုဒ်နံပါတ်က “M9” ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် iPhone 11 Pro မော်ဒယ်မှာ အဆိုပါ M9 အမျိူးအစားကို အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။ အဲ့ဒီတော့ မေးစရာရှိလာတာက Apple အနေနဲ့ LT2 အမျိူးအစားတွေကို ဘာဖြစ်လို့ ဆက်ပြီး မသုံးတော့တာလဲ ဆိုတာပါ။

iPhone X, XS, XS Max

အဖြေကတော့ Samsung ရဲ့ Display တွေက Apple လိုချင်တဲ့ အရည်အသွေး၊ စံချိန်စံညွှန်းတွေနဲ့ ပိုပြီးကိုက်ညီတာကြောင့် Samsung ဆီကိုပဲ ပြန်လည်မြှားဦးလှည့်လာတာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် OLED iPhone တွေရဲ့ Display အပိုင်းနဲ့ ပတ်သက်လာရင် Apple အနေနဲ့ Samsung ကို မျက်နှာလွှဲခဲပစ် လုပ်ထားလို့ မရပါဘူး။ သိပ်မကြာသေးခင်တုန်းကလည်း Apple ဟာ OLED Display တွေကို မှာထားပြီး၊ မှာထားသလောက် အပြည့်အဝ မယူခဲ့တဲ့အတွက် Samsung ကို လျော်ကြေးပေးခဲ့ရပါသေးတယ်။

iPhone 11 Series မိတ်ဆက်ပွဲနေ့ကို Apple ဘက်က တရားဝင်ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေမယ့် လာမယ့် စက်တင်ဘာလ ၁၀ရက်နေ့လောက်မှာ ကျင်းပနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

Ref : 9To5Mac