၂၀၂၂ ခုနှစ် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် စမတ်ဖုန်း ရောင်းအား အကောင်းဆုံးဟာ ဘယ်ကုမ္ပဏီလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ၂၀၂၂ ခုနှစ်မှာ စမတ်ဖုန်း ရောင်းအားအကောင်းဆုံးက Samsung နဲ့ Apple ဖြစ်ပြီး အဲဒီနောက်မှာ Xiaomi , OPPO နဲ့ vivo တို့က ရပ်တည်နေပါတယ်။

Canalys ရဲ့ စစ်တမ်းအရ Samsung ဟာ ၂၀၂၂ ခုနှစ်မှာ ဈေးကွက်ဝေစု ၂၂ ရာခိုင်နှုန်ုး၊ Apple က ၁၉ ရာခိုင်နှုန်း၊ Xiaomi က ၁၃ ရာခိုင်နှုန်း၊ OPPO နဲ့ vivo က ၉ ရာခိုင်နှုန်းစီ ရခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၂ ခုနှစ်မှာ စမတ်ဖုန်း ရောင်းအားဟာ ၂၀၂၁ ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုံးရေ ၁.၂ ဘီလီယမ်ပဲ ရောင်းချနိုင်ခဲ့ပါတယ်။

Android smartphone 2023

Canalys ရဲ့ စစ်တမ်းအရ ၂၀၂၂ ခုနှစ်မှာ Samsung ဟာ စမတ်ဖုန်း အလုံးရေ ၂၆၄ သန်းဝန်းကျင်၊ Apple က ၂၂၈ သန်း ဝန်းကျင်၊ Xiaomi က ၁၅၆ သန်းဝန်းကျင်၊ OPPO က ၁၀၈ သန်းဝန်းကျင်နဲ့ vivo က ၁၀၈ သန်းဝန်းကျင် ရောင်းချနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရရင် အဲဒီနှစ်မှာ စမတ်ဖုန်း အလုံးရေ ၁.၃၅ ဘီလီယမ် ရောင်းချနိုင်ခဲ့ပါတယ်။ Samsung က အလုံးရေ ၁၇၄.၅ သန်းဝန်းကျင်နဲ့ ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်ုး၊ Apple က ၂၃၀.၁ သန်းဝန်းကျင်နဲ့ ၁၇ ရာခိုင်နှုန်း၊ Xiaomi က ၁၉၁.၂ သန်းဝန်းကျင်နဲ့ ၁၄ ရာခိုင်နှုန်း၊ OPPO က ၁၄၅.၁ သန်းဝန်းကျင်နဲ့ ၁၁ ရာခိုင်နှုန်း၊ vivo က ၁၂၉.၉ သန်းဝန်းကျင်နဲ့ ၁၀ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

Ref : gizchina