[Zawgyi]

Apple ဟာ ကမာၻ႔နာမည္ႀကီးအမွတ္တံဆိပ္ျဖစ္ေပမယ့္ အာရွေဈးကြက္အေတာ္မ်ားမ်ားမွာေတာ့ ေဈးကြက္ေဝစုပိုင္ဆိုင္မႈက အေတာ္ေလး နည္းပါတယ္။ အထူးသျဖင့္ တ႐ုတ္နဲ႔ ကိုရီးယားအေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြနဲ႔အၿပိဳင္ အိႏၵိယေဈးကြက္ကို ယွဥ္ဖို႔ ခက္ခဲေနတာပါ။

ဒါေပမယ့္ Apple ဟာ iPhone 6s ကို အေျချပဳၿပီး အိႏၵိယေဈးကြက္ကို ထိုးေဖာက္ဖို႔ ႀကိဳးစားလာတာ ေတြ႕ျမင္ရပါတယ္။ ၂၀၁၅ စက္တင္ဘာမွာ စတင္ပြဲထြက္ခဲ့တဲ့ iPhone 6s ကိုအသုံးျပဳၿပီး ေဈးကြက္ကိုထိုးေဖာက္မယ္ဆိုတာ အံ့အားသင့္စရာျဖစ္ေပမယ့္ Apple ရဲ႕ေဈးကြက္ခ်ဲ႕ထြင္ေရးဗ်ဴဟာက လွပတယ္လို႔ ဆိုရမွာပါ။

Apple ဟာ iPhone 6s ကို အိႏၵိယမွာပဲ ျပဳလုပ္ေၾကာင္း ေၾကာ္ျငာလိုက္ပါတယ္။ ေၾကာ္ျငာစာသားမွာလည္း ပုံမွန္ေအာက္ေဈးႏႈန္းျဖစ္တဲ့ INR26,910 ($382) ၅သိန္း ၉ေသာင္းဝန္းက်င္ ကို ထည့္သြင္းေရးသားေၾကာ္ျငာလိုက္ပါတယ္။ iPhone 6s အတြက္ ဒီေဈးႏႈန္းက ဝယ္ေပ်ာ္တဲ့ေဈးႏႈန္းျဖစ္ေပမယ့္ အျခားၿပိဳင္ဘက္အမွတ္တံဆိပ္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ေဈးႀကီးေနတုန္းပါပဲ။

အေျခခံအခ်က္အျဖစ္ ၂၀၁၉ ခုႏွစ္မွာ ၆ သိန္းနီးပါးနဲ႔ဆိုရင္ ၂၀၁၅ ခုႏွစ္မွာထုတ္ခဲ့တဲ့ iPhone 6s ထက္ သာလြန္ေကာင္းမြန္တဲ့ Android ဖုန္းေတြ အေျမာက္အမ်ား ေ႐ြးခ်ယ္ႏိုင္တာပါပဲ။ မညႇာမတာ ေျပာရမယ္ဆိုရင္ေတာ့ ဖုန္းတစ္လုံးကို အမ်ားဆုံး ၃ ႏွစ္ဝန္းက်င္ပဲ အသုံးျပဳၾကေတာ့တဲ့ေခတ္မွာ iPhone 6s ဟာ Apple ဆိုတဲ့နာမည္နဲ႔ ဂုဏ္တစ္ခုအတြက္ပဲ စဥ္းစားသင့္ေတာ့တာပါ။ ဒီအတြက္ Made In India ဆိုတဲ့ စာသားက အိႏၵိယေဈးကြက္အေပၚ ဘယ္ေလာက္ထိ သက္ေရာက္မႈ ရွိသြားမလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

Ref: GSMArena

[Unicode]

Made In India iPhone 6s က အိန္ဒိယဈေးကွက်ကို ဘယ်လောက်ထိ ရယူနိုင်မှာလဲ

Apple ဟာ ကမ္ဘာ့နာမည်ကြီးအမှတ်တံဆိပ်ဖြစ်ပေမယ့် အာရှဈေးကွက်အတော်များများမှာတော့ ဈေးကွက်ဝေစုပိုင်ဆိုင်မှုက အတော်လေး နည်းပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ကိုရီးယားအခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေနဲ့အပြိုင် အိန္ဒိယဈေးကွက်ကို ယှဉ်ဖို့ ခက်ခဲနေတာပါ။

ဒါပေမယ့် Apple ဟာ iPhone 6s ကို အခြေပြုပြီး အိန္ဒိယဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားလာတာ တွေ့မြင်ရပါတယ်။ ၂၀၁၅ စက်တင်ဘာမှာ စတင်ပွဲထွက်ခဲ့တဲ့ iPhone 6s ကိုအသုံးပြုပြီး ဈေးကွက်ကိုထိုးဖောက်မယ်ဆိုတာ အံ့အားသင့်စရာဖြစ်ပေမယ့် Apple ရဲ့ဈေးကွက်ချဲ့ထွင်ရေးဗျူဟာက လှပတယ်လို့ ဆိုရမှာပါ။

Apple ဟာ iPhone 6s ကို အိန္ဒိယမှာပဲ ပြုလုပ်ကြောင်း ကြော်ငြာလိုက်ပါတယ်။ ကြော်ငြာစာသားမှာလည်း ပုံမှန်အောက်ဈေးနှုန်းဖြစ်တဲ့ INR26,910 ($382) ၅သိန်း ၉သောင်းဝန်းကျင် ကို ထည့်သွင်းရေးသားကြော်ငြာလိုက်ပါတယ်။ iPhone 6s အတွက် ဒီဈေးနှုန်းက ဝယ်ပျော်တဲ့ဈေးနှုန်းဖြစ်ပေမယ့် အခြားပြိုင်ဘက်အမှတ်တံဆိပ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ ဈေးကြီးနေတုန်းပါပဲ။

အခြေခံအချက်အဖြစ် ၂၀၁၉ ခုနှစ်မှာ ၆ သိန်းနီးပါးနဲ့ဆိုရင် ၂၀၁၅ ခုနှစ်မှာထုတ်ခဲ့တဲ့ iPhone 6s ထက် သာလွန်ကောင်းမွန်တဲ့ Android ဖုန်းတွေ အမြောက်အများ ရွေးချယ်နိုင်တာပါပဲ။ မညှာမတာ ပြောရမယ်ဆိုရင်တော့ ဖုန်းတစ်လုံးကို အများဆုံး ၃ နှစ်ဝန်းကျင်ပဲ အသုံးပြုကြတော့တဲ့ခေတ်မှာ iPhone 6s ဟာ Apple ဆိုတဲ့နာမည်နဲ့ ဂုဏ်တစ်ခုအတွက်ပဲ စဉ်းစားသင့်တော့တာပါ။ ဒီအတွက် Made In India ဆိုတဲ့ စာသားက အိန္ဒိယဈေးကွက်အပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိသွားမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ။

Ref: GSMArena