Zawgyi

Apple ကုမၸဏီဟာ လာမယ့္ဒီဇင္ဘာလထဲမွာ ထပ္လုပ္မယ့္ Event ေနာက္တစ္ခုအတြက္ ဖိတ္စာကို ထုတ္ျပန္လိုက္ပါၿပီ။ အဆုိပါ Event ဟာ ဒီဇင္ဘာ ၂ ရက္ေန႔မွာ အေမရိကန္ႏုိင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာပါ။

သူ႕ရဲ႕ဖိတ္စာအရေတာ့ ဒီ Event မွာ ၂၀၁၉ ခုႏွစ္အတြင္း Apple ရဲ႕အႀကိဳက္ဆုံး App နဲ႔ Game ေတြကို ဂုဏ္ျပဳမယ္လို႔ ဆုိထားပါတယ္။ ပုံမွန္အားျဖင့္ ထုတ္ကုန္သစ္မိတ္ဆက္ပြဲေတြအတြက္ ဖိတ္စာေတြမွာ Apple ဟာ အခုေလာက္ေဖာ္ျပေလ့မရွိဘဲ ဒီပြဲရဲ႕ဖိတ္စာမွာသာ က်င္းပမယ့္ရည္ရြယ္ခ်က္ကို ေဖာ္ျပထားတာပါ။

Apple အတြက္ေတာ့ မုိဘုိင္း App ေတြအတြက္ သီးသန္႔ပြဲျပဳလုပ္ေပးတာဟာ ၿပီးခဲ့တဲ့ႏွစ္ပုိင္းအတြင္း ဒါပထမဆုံးလို႔ ဆုိႏုိင္ပါတယ္။ ကုမၸဏီဟာ သူတုိ႔ကုိယ္ပိုင္ App Store ေပၚက iOS နဲ႔ MacOS ပလက္ေဖာင္းေတြအတြက္ တစ္ႏွစ္တာ အေကာင္းဆုံး App ေတြကို ႏွစ္စဥ္ဆုေပးေနၾကျဖစ္ေပမယ့္ အြန္လိုင္းေပၚကသာ ေၾကညာေလ့ရွိတာပါ။ ဒီႏွစ္အတြက္ အေကာင္းဆုံး App Design ဆုေတြကိုလည္း ေၾကညာေပးခဲ့ၿပီးျဖစ္ပါတယ္။

ဒီႏွစ္မွာေတာ့ အေကာင္းဆုံး App ေတြနဲ႔ ဂိမ္းေတြကို ဆုေပးရာမွာ ပုံစံအသစ္ေျပာင္းၿပီး တုိက္ရုိက္ေပးအပ္ေတာ့မယ္ လို႔ယူဆရမွာပါပဲ။ ဒါကို ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံးလမွာ က်င္းပတာကလည္း ယုတၱိရွိပါတယ္။ မုိဘုိင္းပလက္ေဖာင္း တစ္ခုအတြက္ App Developers ေတြရဲ႕အခန္းက႑ဟာ အေရးပါေၾကာင္း Apple က မၾကာခဏ ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။

Ref – GSM Arena

Unicode

Apple ကုမ္ပဏီဟာ လာမယ့်ဒီဇင်ဘာလထဲမှာ ထပ်လုပ်မယ့် Event နောက်တစ်ခုအတွက် ဖိတ်စာကို ထုတ်ပြန်လိုက်ပါပြီ။ အဆိုပါ Event ဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်သွားမှာပါ။

သူ့ရဲ့ဖိတ်စာအရတော့ ဒီ Event မှာ ၂၀၁၉ ခုနှစ်အတွင်း Apple ရဲ့အကြိုက်ဆုံး App နဲ့ Game တွေကို ဂုဏ်ပြုမယ်လို့ ဆိုထားပါတယ်။ ပုံမှန်အားဖြင့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွေအတွက် ဖိတ်စာတွေမှာ Apple ဟာ အခုလောက်ဖော်ပြလေ့မရှိဘဲ ဒီပွဲရဲ့ဖိတ်စာမှာသာ ကျင်းပမယ့်ရည်ရွယ်ချက်ကို ဖော်ပြထားတာပါ။

Apple အတွက်တော့ မိုဘိုင်း App တွေအတွက် သီးသန့်ပွဲပြုလုပ်ပေးတာဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဒါပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ကုမ္ပဏီဟာ သူတို့ကိုယ်ပိုင် App Store ပေါ်က iOS နဲ့ MacOS ပလက်ဖောင်းတွေအတွက် တစ်နှစ်တာ အကောင်းဆုံး App တွေကို နှစ်စဉ်ဆုပေးနေကြဖြစ်ပေမယ့် အွန်လိုင်းပေါ်ကသာ ကြေညာလေ့ရှိတာပါ။ ဒီနှစ်အတွက် အကောင်းဆုံး App Design ဆုတွေကိုလည်း ကြေညာပေးခဲ့ပြီးဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အကောင်းဆုံး App တွေနဲ့ ဂိမ်းတွေကို ဆုပေးရာမှာ ပုံစံအသစ်ပြောင်းပြီး တိုက်ရိုက်ပေးအပ်တော့မယ် လို့ယူဆရမှာပါပဲ။ ဒါကို နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ ကျင်းပတာကလည်း ယုတ္တိရှိပါတယ်။ မိုဘိုင်းပလက်ဖောင်း တစ်ခုအတွက် App Developers တွေရဲ့အခန်းကဏ္ဍဟာ အရေးပါကြောင်း Apple က မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

Ref – GSM Arena