Apple iPhone XR ဟာ Apple ရဲ့ iPhone Series ဖုန်းတွေထဲမှာ စျေးသက်သာတဲ့ Budget iPhone အနေနဲ့ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ iPhone XR ဟာ ထွက်ရှိတဲ့အချိန်တုန်းကလည်း အအောင်မြင်ဆုံး iPhone တစ်လုံးဖြစ်နေသလို အခုလည်း Apple ကနေ Official Refurbished Version တွေကို ရောင်းချနေပြီဖြစ်ပါတယ်။

Apple ဟာ iPhone XR Refurbished Version ကို 64GB Version အတွက် $499 (မြန်မာငွေ ၇ သိန်းဝန်းကျင်) နဲ့ရောင်းချမှာဖြစ်ပြီး 128GB Version ကိုတော့ $539 (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။ ကိုယ်ရွေးချယ်တဲ့အရောင်ပေါ်မှုတည်ပြီးတော့ Storage Version ကလည်း ကန့်သတ်ချက်ရှိနေဦးမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် iPhone တွေဟာ Refurbished Version ထွက်ရှိတဲ့အချိန်မှာ ပုံမှန်အသစ်ရောင်းစျေးထက် သိသိသာသာသက်သာတဲ့အတွက် ဝယ်ယူရတာပိုတန်တယ်ဆိုပေမယ့် အခု iPhone XR ဟာ လက်ရှိပုံမှန်ရောင်းစျေးထက် $100 ပဲ ပိုပြီး သက်သာတာဖြစ်သလို iPhone SE လိုမျိုး $399 ကနေ စတင်တဲ့ iPhone အသစ်တွေထွက်ရှိထားဖြစ်တဲ့အတွက် ဝယ်ယူမယ့်သူတွေအတွက်ကတော့ စဥ်းစားစရာပါ။

ဘာပဲဖြစ်ဖြစ် iPhone SE နဲ့ယှဥ်ရင် Face ID ၊ Battery Life နဲ့ Design ပိုင်း ပိုကောင်းတယ်လို့ ပြောရမယ့် iPhone XR ကို စျေးသက်သက်သာနဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ Second Hand ထက် အခုလို Official Refurbished Version ကို ဝယ်ယူတာကို ပိုအဆင်ပြေမှာပါ။

Ref – GSM Arena