Apple ဟာ iPhone 14 အတွက် မျက်နှာပြင် ထုတ်လုပ်ပေးဖို့ တရုတ် ကုမ္ပဏီ BOE နဲ့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စာချုပ်ဟာ တရုတ် ယွမ် သန်း ၅၀ တန်ကြေးရှိပြီး ရိုးရိုး iPhone 14 စမတ်ဖုန်းရဲ့ OLED မျက်နှာပြင် ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ BOE ဟာ ၆.၁ လက်မ မျက်နှာပြင်ကို ထုတ်လုပ်ပေးရမှာ ဖြစ်တဲ့အတွက် အရွယ်ကြီး iPhone 14 Max နဲ့ iPhone 14 Pro ၂ လုံးဟာ LG နဲ့ Samsung တို့က ထုတ်လုပ်တဲ့ မျက်နှာပြင်တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Apple strikes a deal with BOE for iPhone 14 screens - GSMArena.com news

BOE ဟာ လက်ရှိမျိုးဆက် iPhone တွေအတွက် မျက်နှာပြင်တွေ ထုတ်လုပ်ပေးတာ ဒါ ပထမဆုံးဖြစ်တယ်လို့ တရုတ် မီဒီယာတွေက ပြောကြပါတယ်။ BOE ဟာ အရင်ကတော့ အစားထိုးလဲလှယ်တဲ့ ဗားရှင်းတွေအတွက်ပဲ မျက်နှာပြင်တွေ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

Apple strikes deal with BOE for iPhone 14 screens | Gadget Game News

BOE ဟာ အနာဂတ် iPad နဲ့ Macbook တွေအတွက် OLED မျက်နှာပြင်တွေ ထုတ်လုပ်ပေးဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားကနေ သတင်းထွက်လာပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ ဒီသတင်းထွက်လာတာပါ။ Apple ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် BOE ဟာ စီချွမ်က B16 စက်ရုံကို တိုးချဲ့မှာ ဖြစ်ပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်မှာပါ။

BOE ဟာ OLED ထုတ်လုပ်ရာမှာ တိုးတက်လာပြီ ဖြစ်ပြီး ၁ နှစ်ကို သန်း ၆၀ ထုတ်လုပ်လာနိုင်ကာ ၆၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ တရုတ်မှာ OLED ထုတ်လုပ်မှု အများဆုံး ကုမ္ပဏီ ဖြစ်ပြီး ကမ္ဘာမှာ Samsung ပြီးနောက် အများဆုံး ဖြစ်ပါတယ်။

Ref : gsmarena