Elon Musk က Apple ဟာ App Store ကနေ တွစ်တာကို ဖယ်ရှားမယ်လို့ ခြိမ်းခြောက်ကြောင်း ပြောလိုက်ပါတယ်။ မကြာခင်ကမှ ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ တွစ်တာကို ဝယ်ယူခဲ့တဲ့ Elon Musk အတွက် ဒီလို ဖြစ်လာရင် နစ်နာမှာပါ။ Apple App Store ကနေ တွစ်တာကို ဖယ်ရှားလိုက်ရင် iPhone အသစ်တွေမှာ တွစ်တာကို ထည့်သွင်းလို့ ရမှာ မဟုတ်သလို iPhone အဟောင်းတွေမှာလည်း Update ကို မရရှိတော့ပါဘူး။  Musk က App Store ကနေ တွစ်တာကို ဖယ်ရှားမယ့် အကြောင်းအရင်းကို Apple က မပြောဘူးလို့ စွပ်စွဲထားပါတယ်။

Tim Cook: 'What's going on, Tim Cook?' Here's why Elon Musk training his guns on Apple - The Economic Times

Elon Musk က Apple ဟာ တွစ်တာမှာ ကြော်ငြာ အများစုကို ရပ်နားထားတယ်လို့ Tweet တွေကနေ တောက်လျှောက်ပြောနေပါတယ်။ Musk က တွစ်တာမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိရမယ်လို့ ကြွေးကြော်ထားကာ မူဝါဒတွေကို ပြောင်းလဲနေပါတယ်။ ယခင်က ပိတ်ပင်ထားတဲ့ User တွေကို တွစ်တာ ပြန်အသုံးပြုခွင့်ပေးတာလို Musk ရဲ့ မူဝါဒတွေကို Apple က မကြိုက်လို့ တွစ်တာမှာ ကြော်ငြာတွေကို ရပ်နားထားတာ ဖြစ်နိုင်ပါတယ်။

Musk Is Going to 'War' With Apple: the History of His Beef With the Tech Giant

iOS Device တွေမှာ တွစ်တာ App ကို အသုံးပြုနေသူဟာ ၁ ဘီလီယမ်ကျော် ရှိပြီး Apple ကသာ App Store ကနေ တွစ်တာကို ဖယ်ရှားလိုက်ရင် တွစ်တာ သုံးစွဲသူ အရေအတွက်ဟာ အလွန် နည်းပါးသွားမှာ ဖြစ်ပါတယ်။

တွစ်တာကို App Store ကနေ ဖယ်ရှားလိုက်ရင် Elon Musk ဟာ Apple နဲ့ Android Device တွေကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင် စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ ယခင်က ပြောကြားထားတဲ့ အတိုင်း ပြုလုပ်လာနိုင်ပါတယ်။ Musk သာ စမတ်ဖုန်း ထုတ်မယ်ဆိုရင် Mobile Operating System အသစ်ကို အသုံးပြုထားမှာပါ။

Ref : gizchina