Apple က Worldwide Developers Conference မှာ ထုတ်ကုန် အသစ်တွေကို ကြေညာခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ Apple သတင်း များစွာ တက်လာခဲ့ပါတယ်။ iPhone 12 Series တွေရဲ့ သတင်းတွေလည်း ဟိုးလေးတကျော် ဖြစ်နေပါတယ်။ အခုတော့ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က ဒီနှစ်နဲ့ နောက်နှစ်မှာ ရောင်းမယ့် iPad တွေရဲ့ သတင်းတွေကို ဖွလိုက်ပါတယ်။

Kuo က Apple ဟာ ဒီနှစ် ဒုတိယ နှစ်ဝက်မှာ ၁၀.၈ လက်မ iPad ကို ရောင်းမယ်လို့ ပြောပြီး နောက်နှစ်မှာတော့ iPad Mini Series လို့ ထင်ရတဲ့ ၈.၅ လက်မ iPad ကို ချပြမယ်လို့ ပြောပါတယ်။ ၁၀.၈ လက်မ iPad ဟာ iPad Series လား ၊ iPad Air Series လား ဆိုတာ မသိရသေးပါဘူး။ ၈.၅ လက်မ iPad ဟာ iPad Mini Series ဖြစ်မယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ နောက်ဆုံး iPad Mini ကို အရင်နှစ် မတ်လမှာ ကြေညာခဲ့တာပါ။

မကြာခင်ကပဲ Apple Power Adapter ၁ ခု အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်ခဲ့ပြီး 20W ထောက်ပံ့ထားပါတယ်။ Kuo က Apple ဟာ အဲဒီ Charger ကို နောက်ထုတ်မယ့် iPad မော်ဒယ်တွေမှာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Apple ဟာ iPhone 12 Series ၄ လုံးကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ၂ လုံးက စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေ ဖြစ်ပြီး ၆.၇ လက်မနဲ့ ၆.၁ လက်မတွေ ဖြစ်ပါတယ်။ နောက် ၂ လုံးက စွမ်းဆောင်ရည်နိမ့် မော်ဒယ်တွေ ဖြစ်ပြီး ၅.၇ လက်မနဲ့ ၆.၁ လက်မတွေ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ 5G iPhone တွေနဲ့အတူ Apple က 4G မော်ဒယ် ၂ လုံးကိုလည်း ချပြမယ်လို့ သိရပါတယ်။

Ref : gizmochina