[Unicode]

ပထမဆုံး iPhone ကို လွန်ခဲ့တဲ့ ၁၃ နှစ်က မိတ်ဆက်ခဲ့ပြီး အခုဆိုရင် iPhone အလုံးရေ ဘီလီယမ်နဲ့ချီ ‌ရောင်းချထားနိုင်ပါပြီ။ Apple ဟာ iPhone ရောင်းအားကနေ ကျိကျိတက်ချမ်းသာနေပါပြီ။ အခုဆိုရင် iPhone ‌ရောင်းအားဟာ နောက်ထပ် စံချိန်သစ် ၁ ခုတင်တော့မှာပါ။

ဈေးကွက်ကျွမ်းကျင်သူ ၈ ယောက်က Apple ဟာ ဒီနှစ်ထဲမှာ ၂ ဘီလီယမ်မြောက် iPhone ကို ရောင်းချနိုင်မယ်လို့ ပြောပါတယ်။ Apple ဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ iPhone အလုံး‌‌ရေ ၁၈၆ သန်းရောင်းချရမယ်လို့ အစောပိုင်းက ခန့်မှန်းထားကြပေမယ့် ခရစ်စမတ်ကာလမှာ ရောင်းအားလန်းခဲ့တဲ့အတွက် ၁၉၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ အဲဒီအချိန်အထိ ရောင်းအားဟာ ၁.၉ ဘီလီယမ်လောက်ရှိသွားပါတယ်။

၂၀၁၅ ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ iPhone ရောင်းအား ကျဆင်းခဲ့ပေမယ့် Apple ဟာ စံချိန်တင် ဝင်ငွေ ဒေါ်လာ ၂၇၅ သန်း ရခဲ့ပါတယ်။ Apple ရဲ့ ဝင်ငွေ အများစုကို iPhone ကနေ ရတာဖြစ်ပေမယ့် App Store , Apple pay နဲ့ Apple Music တို့လို ဝန်ဆောင်မှုတွေကနေရတဲ့ ဝင်ငွေဟာလည်း ၁ နှစ်ထက် ၁ နှစ် တိုးတက်လာနေပါတယ်။

Apple ဟာ ၂၀၂၀ ခုနှစ်မှာ ပထမဆုံး 5G iPhone တွေနဲ့ ဈေးသက်သာတဲ့ iPhone 9 ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေတဲ့အတွက် ဒီနှစ်မှာလည်း ရောင်းအားတွေ ပိုလန်ထွက်လာမှာဖြစ်ပြီး ၂ ဘီလီယမ် မြန်မြန် ပြည့်သွားမှာပါ။

Ref : gsmarena

[Zawgyi]

ဒီႏွစ္ထဲမွာ ၂ ဘီလီယမ္ေျမာက္ iPhone ေရာင္းမယ့္ Apple

ပထမဆုံး iPhone ကို လြန္ခဲ့တဲ့ ၁၃ ႏွစ္က မိတ္ဆက္ခဲ့ၿပီး အခုဆိုရင္ iPhone အလုံးေရ ဘီလီယမ္နဲ႔ခ်ီ ေရာင္းခ်ထားႏိုင္ပါၿပီ။ Apple ဟာ iPhone ေရာင္းအားကေန က်ိက်ိတက္ခ်မ္းသာေနပါၿပီ။ အခုဆိုရင္ iPhone ေရာင္းအားဟာ ေနာက္ထပ္ စံခ်ိန္သစ္ ၁ ခုတင္ေတာ့မွာပါ။

ေဈးကြက္ကြၽမ္းက်င္သူ ၈ ေယာက္က Apple ဟာ ဒီႏွစ္ထဲမွာ ၂ ဘီလီယမ္ေျမာက္ iPhone ကို ေရာင္းခ်ႏိုင္မယ္လို႔ ေျပာပါတယ္။ Apple ဟာ ၂၀၁၉ ခုႏွစ္ ေႏွာင္းပိုင္းမွာ iPhone အလုံး‌ေရ ၁၈၆ သန္းေရာင္းခ်ရမယ္လို႔ အေစာပိုင္းက ခန႔္မွန္းထားၾကေပမယ့္ ခရစ္စမတ္ကာလမွာ ေရာင္းအားလန္းခဲ့တဲ့အတြက္ ၁၉၅ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ၂၀၀၇ ခုႏွစ္ကေန အဲဒီအခ်ိန္အထိ ေရာင္းအားဟာ ၁.၉ ဘီလီယမ္ေလာက္ရွိသြားပါတယ္။

၂၀၁၅ ကေန ၂၀၁၈ ခုႏွစ္အတြင္းမွာ iPhone ေရာင္းအား က်ဆင္းခဲ့ေပမယ့္ Apple ဟာ စံခ်ိန္တင္ ဝင္ေငြ ေဒၚလာ ၂၇၅ သန္း ရခဲ့ပါတယ္။ Apple ရဲ႕ ဝင္ေငြ အမ်ားစုကို iPhone ကေန ရတာျဖစ္ေပမယ့္ App Store , Apple pay နဲ႔ Apple Music တို႔လို ဝန္ေဆာင္မႈေတြကေနရတဲ့ ဝင္ေငြဟာလည္း ၁ ႏွစ္ထက္ ၁ ႏွစ္ တိုးတက္လာေနပါတယ္။

Apple ဟာ ၂၀၂၀ ခုႏွစ္မွာ ပထမဆုံး 5G iPhone ေတြနဲ႔ ေဈးသက္သာတဲ့ iPhone 9 ကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္ေနတဲ့အတြက္ ဒီႏွစ္မွာလည္း ေရာင္းအားေတြ ပိုလန္ထြက္လာမွာျဖစ္ၿပီး ၂ ဘီလီယမ္ ျမန္ျမန္ ျပည့္သြားမွာပါ။

Ref : gsmarena