Apple က iPad Pro 12.9″ နဲ့ iPad Pro 11″ တို့ရဲ့ မော်ဒယ်အသစ်တွေကို ကြေညာလိုက်ပြီး Apple M2 Processor အသစ် ထည့်သွင်းထားပါတယ်။ မော်ဒယ်အသစ်တွေမှာ Apple Pencil ရဲ့ Hover လုပ်ဆောင်ချက်ကို ထောက်ပံ့ထားပြီး ဆက်သွယ်မှုနဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ တိုးတက်လာပါတယ်။

Apple updates iPad Pro models with M2 processor and Apple Pencil hover

အဓိက ပြောင်းလဲမှုက M2 SoC အသစ်ကို သုံးထားတာ ဖြစ်ပြီး အဲဒီ Chip ကို 2022 MacBook Air နဲ့ ၁၃ လက်မ MacBook Pro တို့မှာ ထည့်သွင်းထားပါတယ်။ M2 မှာ 8-core CPU (4x Performance Cores + 4x Efficiency Cores) နဲ့ 10-core GPU တပ်ဆင်ထားတဲ့အပြင် Machine Learning နဲ့ AI အတွက် 16-core Neural Engine ပါပါတယ်။

Apple updates iPad Pro models with M2 processor and Apple Pencil hover

Apple က M2 ဟာ M1 ထက် Graphics စွမ်းရည်က ၃၅ ရာခိုင်နှုန်း ပိုမြန်ပြီး Machine Learning က ၄၀ ရာခိုင်နှုန်း ပိုကောင်းလာတယ်လို့ ပြောပါတယ်။

ထိတွေ့မျက်နှာပြင်ကို အဆင့်မြှင့်ထားပြီး iPadOS 16 ပါတဲ့အတွက် 2nd Gen Apple Pencil ရဲ့ Hover လုပ်ဆောင်ချက်ကို သုံးလို့ရပါတယ်။ Pencil ကို မျက်နှာပြင်အထက် ၁၂ မီလီမီတာ အမြင့်မှာ တက်ဘလက်က အာရုံခံနိုင်ပြီး ဒီလုပ်ဆောင်ချက်ကို First Party နဲ့ Third Party App တွေမှာ သုံးနိုင်ပါတယ်။

Apple updates iPad Pro models with M2 processor and Apple Pencil hover

iPad Pro အသစ်တွေမှာ WiFi 6E နဲ့ အဆင့်မြှင့်ထားပြီး 2.4Gbps Download Speed ကို ထောက်ပံ့လာပါတယ်။ ဒါ့အပြင် Bluetooth 5.3 နဲ့ အဆင့်မြှင့်ထားပြီး LTE မော်ဒယ်မှာ 5G ပါပါတယ်။

ကင်မရာ ဟာ့ဒ်ဝဲတွေက မပြောင်းလဲပေမယ့် M2 ကြောင့် ကင်မရာ လုပ်ဆောင်ချက်တွေ တိုးတက်လာပါတယ်။ ProRes Encoder အသစ်ကြောင့် iPad Pro မော်ဒယ်တွေဟာ Apple ရဲ့ အရည်အသွေးမြင့် ProRes Codec နဲ့ တိုက်ရိုက် ဗီဒီယိုတွေ ရိုက်ကူးလာနိုင်ပါတယ်။ ရုပ်သေ ဓါတ်ပုံတွေဟာ Smart HDR 3 ကနေ Smart HDR 4 ကို အဆင့်မြင့်သွားပါတယ်။

iPad Pro မော်ဒယ် အသစ် ၂ လုံးရဲ့ ကျန်တဲ့ Specs တွေက အရင်မျိုးဆက်တွေနဲ့ တူညီပါတယ်။ ဈေနှုန်းကလည်း တူညီပြီး ၁၁ လက်မ WiFi မော်ဒယ်ဟာ ၇၉၉ ဒေါ်လာက စပြီး LTE မော်ဒယ်က ၉၉၉ ဒေါ်လာက စပါတယ်။ ၁၂.၉ လက်မ မော်ဒယ်က ၁,၀၉၉ ဒေါ်လာနဲ့ LTE မော်ဒယ်က ၁,၂၉၉ ဒေါ်လာ ဖြစ်ပြီး ဒီလ ၂၆ ရက်နေ့ ရောင်းမှာပါ။

ref : gsmarena