Apple က App Store က App တွေကို NFT တွေ ရောင်းချခွင့်ပြုလိုက်ပြီ ဖြစ်ပြီး လက်ရှိ App တွေ သာမက App အသစ်တွေကလည်း NFT တွေ ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် Apple က ရောင်းချမှုကရတဲ့ ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကော်မရှင်ယူတာက များလွန်းတယ်လို့ Developer များစွာက ဝေဖန်နေပါတယ်။

Apple Will Allow Apps Selling NFTs on Its App Store

ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်တဲ့ Apple ဟာ အခုလို ပြုလုပ်ပေးဖို့ အချိန်အတော်ကြာယူခဲ့ရပြီး အခုတော့ App Store မှာ NFT App နဲ့ Game တွေကို လက်ခံပေးလိုက်ပြီ ဖြစ်ပါတယ်။

App Store accepts NFTs, demands a 30% cut on Sales - NFTHi

OpenSea နဲ့ Magic Eden တို့လို NFT ဈေးကွက်တွေက ပုံမှန်အားဖြင့် ၅ ရာခိုင်နှုန်းအောက်ပဲ ကော်မရှင်ယူကြတာ ဖြစ်ပြီး Apple ရဲ့ ၃၀ ရာခိုင်နှုန်း ကော်မရှင်ဟာ App နဲ့ Game Developer တွေကို တွန့်ဆုတ်စေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Web3 အခြေပြု CEO Gabriel Leydon က အကောင်းမြင်တဲ့ဘက်ကနေ သုံးသပ်ပြပြီး သူက “ လူတိုင်းက အရောင်းအဝယ် ၁ ခုအတွက် Apple ၃၀ ရာခိုင်နှုန်း ယူတာကို အာရုံစိုက်နေကြပေမယ့် Game ကစားသူ ၁ ဘီလီယမ်ကျော်ရှိတဲ့ App Store ကနေ ရလာမယ့် အကျိုးအမြတ်ကို မမြင်ကြပါဘူး။ ကျွန်တော်ကတော့ NFT ၁ ခုအတွက် Apple ကို ၃၀ ရာခိုင်နှုန်း ဝမ်းမြောက်ဝမ်းသာပေးမှာပါ။ “ လို့ ပြောပါတယ်။

Apple ဟာ ၃၀ ရာခိုင်နှုန်း ကော်မရှင် ယူတာအပြင် အခုထက်ထိ Cryptocurrency ကို လက်မခံသေးပါဘူး။

Ref : nftevening