ကိုရိုနာဗိုင်းရက်စ်ကြောင့် ကုန်ထုတ်လုပ်မှုတွေ ထိခိုက်နေပြီး ကုမ္ပဏီတော်တော်များများဟာ ထုတ်ကုန် မိတ်ဆက်ပွဲတွေကို ချိန်ညှိနေရပါတယ်။ Apple ကလည်း ကမ္ဘာအဝန်းမှာ စက်ရုံနဲ့ စတိုးတွေ ပိတ်ခဲ့ရပါတယ်။ ဒါပေမယ့် Apple ဟာ ဒီနှစ်မှာ ကြေညာဖို့ ထုတ်ကုန်များစွာရှိပြီး အခုတော့ နောက်လမှာ ထုတ်ကုန်အသစ်  ၂ မျိုးကို ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

အဲဒီ ထုတ်ကုန် ၂ ခုက ၁၃ လက်မ MacBook Pro နဲ့ AirPods အသစ် ဖြစ်ပါတယ်။ Apple ဟာ ကိုယ်ထည်ကို အဆင့်မြှင့်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် ၁၃.၃ လက်မ ကနေ ၁၄.၁ လက်မ မျက်နှာပြင် အရွယ်အစားကိုလည်း ပြောင်းလဲနိုင်ပါတယ်။

အရင်ကတော့ လေ့လာဆန်းစစ်သူ Guo Minghao က Apple ဟာ MacBook Pro နဲ့ MacBook Air အသစ်ကို ဒီနှစ် ဧပြီလနဲ့ ဇွန်လအတွင်းမှာ ကြေညာနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ လက ၁၃ လက်မ၊ ၁၅ လက်မ MacBook Pro နဲ့ ပြီးခဲ့တဲ့ ၅ လက ၁၆ လက်မ MacBook Pro ကို ကြေညာခဲ့ပါတယ်။ အခုတော့ ၁၃ လက်မ MacBook Pro ရဲ့ သတင်းထွက်လာတာပါ။

Apple ဟာ ၁၃ လက်မ အစား ၁၄ လက်မ MacBook Pro ကို ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အဲဒီ လက်ပ်တော့မှာ 10th Gen Intel Core Processor မောင်းနှင်ထားနိုင်ပြီး ဒေါ်လာ ၁,၄၀၀ ကျော်မယ်လို့ သတင်းထွက်နေပါတယ်။ မြန်မာငွေ သိန်း ၂၀ လောက်ရှိနိုင်ပါတယ်။

Ref : gizchina