Zawgyi

Apple ရဲ႕ iPhone SE 2 ဟာ အရင္တုန္းက ေအာင္ျမင္ခဲ့တဲ့ iPhone SE လိုမ်ိဳးပဲ ေစ်းသက္သာၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ iPhone တစ္လုံးအေနနဲ႔ ေနာက္ႏွစ္မွာ ထြက္ရွိဖို႔က ေသခ်ာသေလာက္ျဖစ္ေနပါၿပီ။ အခုလည္း အဆိုပါ iPhone SE 2 နဲ႔ ပတ္သတ္တဲ့သတင္းေတြ ဆက္လက္ၿပီး ထြက္ေပၚလာခဲ့ျပန္ပါတယ္။

Apple ကေန iPhone SE 2 ရဲ႕ Production ကို လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စတင္ေတာ့မွာ ျဖစ္ပါတယ္။ အဲ့ဒီအတြက္ Apple အေနနဲ႔ iPhone SE 2 ကို လာမယ့္ မတ္လဝန္းက်င္မွာတင္ ေစ်းကြက္ထဲမွာ စတင္ေရာင္းသြားဖို႔ရွိေနတဲ့ပုံစံပါပဲ။

iPhone SE 2 ဟာ လက္ရွိသိထားတဲ့သတင္းေတြအရေတာ့ iPhone 8 Design ကို အသုံးျပဳလာမွာျဖစ္ၿပီး 4.7″ LCD Display နဲ႔ Touch ID Home Button ပါဝင္လာဦးမွာပါ။ ဒါေပမယ့္ Performance ပိုင္းအေနနဲ႔ လက္ရွိ iPhone 11 Series ဖုန္းေတြလိုပဲ A13 Bionic Chip ကို သုံးထားၿပီးေတာ့ Camera ပိုင္းကိုလည္း အဆင့္ျမႇင့္တင္လာမွာပါ။ ေနာက္ၿပီး ေစ်းႏႈန္းအေနနဲ႔လည္း iPhone SE လိုမ်ိဳးပဲ $399 ကေန စတင္မွာျဖစ္တဲ့အတြက္ ျမန္မာေငြ ၆ သိန္းဝန္းက်င္ပဲ က်သင့္မွာျဖစ္ပါတယ္။

အခု iPhone SE 2 အျပင္ ေနာက္ႏွစ္ စက္တင္ဘာလမွာ မိတ္ဆက္လာမယ့္ iPhone 12 Pro ဖုန္းေတြနဲ႔ ပတ္သတ္ၿပီးလည္း သတင္းအခ်ိဳ႕ေပါက္ၾကားခဲ့ၿပီး iPhone 12 Pro ဖုန္းေတြမွာ RAM 6GB အထိ ပါဝင္လာမွာျဖစ္တဲ့အျပင္ Rear-facing 3D Sensing Camera နဲ႔ mmWave 5G Support ေတြပါဝင္မယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ iPhone 11 Series ေတြထက္ iPhone 12 Pro ဖုန္းေတြက သိသိသာသာပိုေကာင္းလာဖြယ္ရွိေနပါတယ္။

Ref – GSM Arena

Unicode

Apple ရဲ့ iPhone SE 2 ဟာ အရင်တုန်းက အောင်မြင်ခဲ့တဲ့ iPhone SE လိုမျိုးပဲ စျေးသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ iPhone တစ်လုံးအနေနဲ့ နောက်နှစ်မှာ ထွက်ရှိဖို့က သေချာသလောက်ဖြစ်နေပါပြီ။ အခုလည်း အဆိုပါ iPhone SE 2 နဲ့ ပတ်သတ်တဲ့သတင်းတွေ ဆက်လက်ပြီး ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Apple ကနေ iPhone SE 2 ရဲ့ Production ကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple အနေနဲ့ iPhone SE 2 ကို လာမယ့် မတ်လဝန်းကျင်မှာတင် စျေးကွက်ထဲမှာ စတင်ရောင်းသွားဖို့ရှိနေတဲ့ပုံစံပါပဲ။

iPhone SE 2 ဟာ လက်ရှိသိထားတဲ့သတင်းတွေအရတော့ iPhone 8 Design ကို အသုံးပြုလာမှာဖြစ်ပြီး 4.7″ LCD Display နဲ့ Touch ID Home Button ပါဝင်လာဦးမှာပါ။ ဒါပေမယ့် Performance ပိုင်းအနေနဲ့ လက်ရှိ iPhone 11 Series ဖုန်းတွေလိုပဲ A13 Bionic Chip ကို သုံးထားပြီးတော့ Camera ပိုင်းကိုလည်း အဆင့်မြှင့်တင်လာမှာပါ။ နောက်ပြီး စျေးနှုန်းအနေနဲ့လည်း iPhone SE လိုမျိုးပဲ $399 ကနေ စတင်မှာဖြစ်တဲ့အတွက် မြန်မာငွေ ၆ သိန်းဝန်းကျင်ပဲ ကျသင့်မှာဖြစ်ပါတယ်။

အခု iPhone SE 2 အပြင် နောက်နှစ် စက်တင်ဘာလမှာ မိတ်ဆက်လာမယ့် iPhone 12 Pro ဖုန်းတွေနဲ့ ပတ်သတ်ပြီးလည်း သတင်းအချို့ပေါက်ကြားခဲ့ပြီး iPhone 12 Pro ဖုန်းတွေမှာ RAM 6GB အထိ ပါဝင်လာမှာဖြစ်တဲ့အပြင် Rear-facing 3D Sensing Camera နဲ့ mmWave 5G Support တွေပါဝင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် iPhone 11 Series တွေထက် iPhone 12 Pro ဖုန်းတွေက သိသိသာသာပိုကောင်းလာဖွယ်ရှိနေပါတယ်။

Ref – GSM Arena