Android Flagship ဖုန်းတွေအတော်များများဟာ ပုံမှန် Wireless Charging နည်းပညာအပြင် တခြားသော Device တွေကိုပါ ပြန်လည်အားသွင်းနိုင်တဲ့ Reverse Wireless Charging နည်းပညာကိုပါ ထည့်သွင်းထားပါတယ်။

အခုလိုမျိုး Reverse Wireless Charging နည်းပညာက 5W, 10W ဝန်းကျင်လောက်ပဲ ထုတ်ပေးနိုင်ပေမယ့် အရေးပေါ် အားသွင်းလိုတဲ့အခြေအနေတွေ၊ ဒါမှမဟုတ် Wireless Earbuds လိုမျိုး Gadget ပစ္စည်းတွေကိုပြန်လည်အားသွင်းတဲ့အချိန်မှာ အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ Apple iPhone တွေဟာ သာမန် Wireless Charging နဲ့ MagSafe Charging ကိုပဲ ထောက်ပံ့ပေးထားပြီး Reverse Wireless Charging ပါဝင်ခြင်းမရှိသေးပါဘူး။

အခုထွက်ပေါ်လာတဲ့သတင်းတွေအရ Apple ဟာ နောက်ပိုင်းထွက်ရှိလာမယ့် iPhone တွေမှာ Reverse Wireless Charging နည်းပညာကို ထည့်သွင်းနိုင်ဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေမှာလည်း Apple က အလားတူ Reverse Wireless Charging စနစ်ကို ထည့်သွင်းလာမယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမိတ်ဆက်တဲ့အချိန်မှာတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

လောလောဆယ်မှာ Apple ဟာ iPhone တွေမှာ Reverse Wireless Charging နည်းပညာအတွက် Hardware ပိုင်းကို စတင်စမ်းသပ်နေသလို Software Optimization တွေကိုလည်း စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဒါကြောင့် iPhone 15 Series ဖုန်းတွေမှာ စတင်ပါဝင်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China