[Zawgyi]

2020 iPhone ေတြရဲ႕ Screen ေတြဟာ အရမ္းကို ဖလန္းဖလန္း ထၿပီး ျမန္ေနေတာ့မွာပါ။ Razer Phone နဲ႔ Razer Phone 2 ေတြလို ဂိမ္း စမတ္ဖုန္းေတြမွာ အရမ္းကို လွ်င္ျမန္ေခ်ာမြတ္တဲ့ 120Hz Displays ေတြကို ျမင္ေတြ႕ခဲ့ၾကၿပီးပါၿပီ။ အခုေတာ့ နာမည္ေက်ာ္ Tipster တစ္ဦးျဖစ္တဲ့ Ice Universe က Apple ရဲ႕ 2020 iPhone ေတြမွာ 120Hz Display ပါလာႏုိင္မယ္လို႔ တြစ္တာမွာ မွ်ေ၀လိုက္ပါတယ္။ လက္ရွိ 60Hz iPhone XS ေတြရဲ႕ Screen Refresh Rates ထက္ ႏွစ္ဆပိုမ်ားလာမွာပါ။

Ice Universe ရဲ႕ Tweet မွာ “ Apple ဟာ ၂၀၂၀ ခုႏွစ္ထုတ္ iPhone ေတြမွာ Screen Refresh Rate ကို 60Hz နဲ႔ 120Hz အၾကား ေျပာင္းလဲသံုးႏုိင္ေအာင္ စဥ္းစားေနပါတယ္။ Apple ဟာ Samsung , LG တုိ႔နဲ႔လည္း ေဆြးေႏြးေနပါတယ္။ “ လို႔ ေရးသားထားပါတယ္။ Samsung နဲ႔ LG တို႔ဟာ ကမာၻမွာ Smartphone OLED Displays ေတြ ထုတ္လုပ္တဲ့ အႀကီးမားဆံုး ကုမၸဏီႏွစ္ခု ျဖစ္ပါတယ္။

ရုပ္ေသဓါတ္ပံုေတြကို ၾကည့္တဲ့ အခါမွာ 60Hz ကို သံုးရင္ ဘက္ထရီစားတာ သက္သာေစမွာပါ။ ရုပ္ေသ ဓါတ္ပံုေတြကို ၾကည့္တာနဲ႔ iPhone က 60Hz ကို အလိုလို ေျပာင္းေပးေအာင္ ဖန္တီးထားမွာပါ။ Apple ဟာ သူ႔ရဲ႕ ထုတ္ကုန္ေတြမွာ 120Hz Displays ကို ထည့္သြင္းေပးတာ ဒါ ပထမဆံုး မဟုတ္ပါဘူး။ ၂၀၁၇ ခုႏွစ္က စထုတ္တဲ့ ၁၀.၅ လက္မနဲ႔ ၁၂.၉ လက္မ iPads ေတြမွာ အဲဒီ Screen ေတြ ထည့္သြင္းထားတာပါ။ ဒါေပမယ့္ သူတို႔မွာ OLED နည္းပညာေတာ့ မပါပါဘူး။ OLED နည္းပညာက ျပည့္စံုတဲ့ အနက္ေရာင္ေတြကို ဖန္တီးေပးၿပီး စြမ္းအင္စားသံုးမႈ သက္သာေစပါတယ္။ အဲဒီ တက္ဘလက္ေတြမွာ LED Retina ProMotion Displays ေတြသာ ပါပါတယ္။

Apple ဟာ စက္တင္ဘာလမွာ iPhone 11 ေတြကို ေၾကညာဖို႔ျပင္ဆင္ေနပါတယ္။ အဲဒီအတြက္ 2020 iPhone ေတြရဲ႕ တိက်ခိုင္မာတဲ့ သတင္းအခ်က္အလက္ေတြကို သိရဖို႔ အခ်ိန္ၾကာျမင့္ဦးမွာပါ။

Ref : techradar

[Unicode]

2020 iPhone တွေမှာ 120Hz Display ပါလာနိုင်

2020 iPhone တွေရဲ့ Screen တွေဟာ အရမ်းကို ဖလန်းဖလန်း ထပြီး မြန်နေတော့မှာပါ။ Razer Phone နဲ့ Razer Phone 2 တွေလို ဂိမ်း စမတ်ဖုန်းတွေမှာ အရမ်းကို လျှင်မြန်ချောမွတ်တဲ့ 120Hz Displays တွေကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ အခုတော့ နာမည်ကျော် Tipster တစ်ဦးဖြစ်တဲ့ Ice Universe က Apple ရဲ့ 2020 iPhone တွေမှာ 120Hz Display ပါလာနိုင်မယ်လို့ တွစ်တာမှာ မျှဝေလိုက်ပါတယ်။ လက်ရှိ 60Hz iPhone XS တွေရဲ့ Screen Refresh Rates ထက် နှစ်ဆပိုများလာမှာပါ။

Ice Universe ရဲ့ Tweet မှာ “ Apple ဟာ ၂၀၂၀ ခုနှစ်ထုတ် iPhone တွေမှာ Screen Refresh Rate ကို 60Hz နဲ့ 120Hz အကြား ပြောင်းလဲသုံးနိုင်အောင် စဉ်းစားနေပါတယ်။ Apple ဟာ Samsung , LG တို့နဲ့လည်း ဆွေးနွေးနေပါတယ်။ “ လို့ ရေးသားထားပါတယ်။ Samsung နဲ့ LG တို့ဟာ ကမ္ဘာမှာ Smartphone OLED Displays တွေ ထုတ်လုပ်တဲ့ အကြီးမားဆုံး ကုမ္ပဏီနှစ်ခု ဖြစ်ပါတယ်။

ရုပ်သေဓါတ်ပုံတွေကို ကြည့်တဲ့ အခါမှာ 60Hz ကို သုံးရင် ဘက်ထရီစားတာ သက်သာစေမှာပါ။ ရုပ်သေ ဓါတ်ပုံတွေကို ကြည့်တာနဲ့ iPhone က 60Hz ကို အလိုလို ပြောင်းပေးအောင် ဖန်တီးထားမှာပါ။ Apple ဟာ သူ့ရဲ့ ထုတ်ကုန်တွေမှာ 120Hz Displays ကို ထည့်သွင်းပေးတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်က စထုတ်တဲ့ ၁၀.၅ လက်မနဲ့ ၁၂.၉ လက်မ iPads တွေမှာ အဲဒီ Screen တွေ ထည့်သွင်းထားတာပါ။ ဒါပေမယ့် သူတို့မှာ OLED နည်းပညာတော့ မပါပါဘူး။ OLED နည်းပညာက ပြည့်စုံတဲ့ အနက်ရောင်တွေကို ဖန်တီးပေးပြီး စွမ်းအင်စားသုံးမှု သက်သာစေပါတယ်။ အဲဒီ တက်ဘလက်တွေမှာ LED Retina ProMotion Displays တွေသာ ပါပါတယ်။

Apple ဟာ စက်တင်ဘာလမှာ iPhone 11 တွေကို ကြေညာဖို့ပြင်ဆင်နေပါတယ်။ အဲဒီအတွက် 2020 iPhone တွေရဲ့ တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေကို သိရဖို့ အချိန်ကြာမြင့်ဦးမှာပါ။

Ref : techradar