[Unicode]

Apple က ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ Worldwide Developer Conference (WWDC) မှာ ဒေါ်လာ ၆,၀၀၀ တန် Mac Pro ကို ပြသခဲ့ပါတယ်။ မြန်မာငွေ သိန်း ၉၀ လောက် တန်ကြေးရှိပါတယ်။ အဲဒီ ကွန်ပြူတာ ရောင်းမယ့် အချိန်ကို လူတွေ စိတ်ဝင်စားခဲ့ပြီး အခုတော့ ရောင်းမယ့် အချိန်ကို သိလာရပါပြီ။ TechCrunch က Apple Customers တွေဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ Mac Pro ကို ကြိုတင်မှာယူနိုင်ပြီ ဆိုတဲ့ အီးမေးတွေ ရရှိနေပြီလို့ ပြောပါတယ်။ ကြိုတင်မှာယူခွင့်ပေးလိုက်တာ ဖြစ်ပြီး ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Mac Pro ကို စတင် မိတ်ဆက်ချိန်က ဒီဇိုင်းဆန်းသစ်တာကြောင့် ရင်သပ်ရှုမော ဖြစ်ခဲ့ကြပါတယ်။ Desktop Tower မှာ အပေါက်တွေ ပါလာပြီး ပန်ကာအတွက် လေဝင်၊ လေထွက်ပေါက်တွေ ဖြစ်ပါတယ်။ ပန်ကာကနေ အသံထွက်တာ သက်သာစေပြီး အပူချိန် မလွန်ကဲအောင် ဒီဇိုင်းထုတ်ထားပါတယ်။

Mac Pro မှာ 28 Cores အထိ ပါတဲ့ Intel Xeon Processors မောင်းနှင်ထားပြီး 1.2 Terabytes RAM အထိ ရွေးချယ်နိုင်ပါတယ်။ PCIe Expansion Slots ၈ ခုနဲ့ Radeon Pro Vega II Duo Graphics Cards ၂ ခု ပါပါတယ်။

ဒေါ်လာ ၆,၀၀၀ ဟာ Desktop Tower အတွက်ပဲ ဖြစ်ပါတယ်။Monitor မပါသေးပါဘူး။ ဒါပေမယ့် Mac Pro နဲ့ တွဲဖက်အသုံးပြုဖို့ အသင့်တော်ဆုံးဖြစ်မယ့် Pro Display XDR (Monitor) ရှိပါသေးတယ်။ Mac Pro အတွက် အထူးထုတ်ထားတဲ့ Pro Display XDR မှာ ၃၂ လက်မ 6K Retina Display ပါပြီး 10-bit Color , 1,600-nit Brightness နဲ့ 1,000,000:1 Contrast Ratio တွေကို ထောက်ပံ့ပါတယ်။ Monitor ကို ၄,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၇၅ သိန်းလောက်ရှိပါတယ်။ Desktop Tower နဲ့ Monitor ၂ ခုပေါင်းရင် ၁၆၅ သိန်းလောက် ကျသင့်မှာပါ။

Ref : mashable

[Zawgyi]

၁၆၅ သိန္းက်သင့္မယ့္ Apple Mac Pro နဲ႔ Pro Display XDR တို႔ကို ႀကိဳတင္မွာယူႏိုင္ၿပီ

Apple က ဇူလိုင္လမွာ က်င္းပခဲ့တဲ့ Worldwide Developer Conference (WWDC) မွာ ေဒၚလာ ၆,၀၀၀ တန္ Mac Pro ကို ျပသခဲ့ပါတယ္။ ျမန္မာေငြ သိန္း ၉၀ ေလာက္ တန္ေၾကးရွိပါတယ္။ အဲဒီ ကြန္ျပဴတာ ေရာင္းမယ့္ အခ်ိန္ကို လူေတြ စိတ္၀င္စားခဲ့ၿပီး အခုေတာ့ ေရာင္းမယ့္ အခ်ိန္ကို သိလာရပါၿပီ။ TechCrunch က Apple Customers ေတြဟာ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ Mac Pro ကို ႀကိဳတင္မွာယူႏုိင္ၿပီ ဆိုတဲ့ အီးေမးေတြ ရရွိေနၿပီလို႔ ေျပာပါတယ္။ ႀကိဳတင္မွာယူခြင့္ေပးလိုက္တာ ျဖစ္ၿပီး ေရာင္းမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Mac Pro ကို စတင္ မိတ္ဆက္ခ်ိန္က ဒီဇိုင္းဆန္းသစ္တာေၾကာင့္ ရင္သပ္ရႈေမာ ျဖစ္ခဲ့ၾကပါတယ္။ Desktop Tower မွာ အေပါက္ေတြ ပါလာၿပီး ပန္ကာအတြက္ ေလ၀င္၊ ေလထြက္ေပါက္ေတြ ျဖစ္ပါတယ္။ ပန္ကာကေန အသံထြက္တာ သက္သာေစၿပီး အပူခ်ိန္ မလြန္ကဲေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။

Mac Pro မွာ 28 Cores အထိ ပါတဲ့ Intel Xeon Processors ေမာင္းႏွင္ထားၿပီး 1.2 Terabytes RAM အထိ ေရြးခ်ယ္ႏိုင္ပါတယ္။ PCIe Expansion Slots ၈ ခုနဲ႔ Radeon Pro Vega II Duo Graphics Cards ၂ ခု ပါပါတယ္။

ေဒၚလာ ၆,၀၀၀ ဟာ Desktop Tower အတြက္ပဲ ျဖစ္ပါတယ္။ Monitor မပါေသးပါဘူး။ ဒါေပမယ့္ Mac Pro နဲ႔ တြဲဖက္အသုံးျပဳဖို႔ အသင့္ေတာ္ဆုံးျဖစ္မယ့္ Pro Display XDR (Monitor) ရွိပါေသးတယ္။ Mac Pro အတြက္ အထူးထုတ္ထားတဲ့ Pro Display XDR မွာ ၃၂ လက္မ 6K Retina Display ပါၿပီး 10-bit Color , 1,600-nit Brightness နဲ႔ 1,000,000:1 Contrast Ratio ေတြကို ေထာက္ပ့ံပါတယ္။ Monitor ကို ၄,၉၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၇၅ သိန္းေလာက္ရွိပါတယ္။ Desktop Tower နဲ႔ Monitor ၂ ခုေပါင္းရင္ ၁၆၅ သိန္းေလာက္ က်သင့္မွာပါ။

Ref : mashable