[Zawgyi]

အခုဆိုရင္ Apple ဟာ iPhone 11 ကို ေၾကညာခဲ့ၿပီးပါၿပီ။ iPhone ေမာ္ဒယ္အသစ္ေတြဟာ အရင္တုန္းကနဲ႔ႏႈိင္းယွဥ္ရင္ ေဈးႏႈန္းသက္သာလာတယ္လို႔ ဆိုရမွာပါ။ တစ္ဘက္က ျပန္ၾကည့္ရင္လည္း ပိုျမန္တဲ့ ပ႐ိုဆက္ဆာကို သုံးလာေပမယ့္ 5G ကြန္ရက္ ခ်ိတ္ဆက္မႈကေတာ့ ေမ့ထားရမွာ ျဖစ္ပါတယ္။

iPhone 11 ေတြဟာ Apple ရဲ႕ အစဥ္အလာအတိုင္း Android ထက္ ပိုေကာင္းမြန္တယ္လို႔ ေျပာႏိုင္တဲ့ Chipset နဲ႔ နည္းပညာေတြ အသုံးျပဳထားတာ မွန္ပါတယ္။ ေဈးႏႈန္းအားျဖင့္လည္း မႏွစ္က ျဖန႔္ခ်ိလိုက္တဲ့ XR ေမာ္ဒယ္ အေျခခံထက္ေတာင္ သက္သာတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ iPhone 11 ေတြဟာ အာရွေဈးကြက္မွာ ေမွ်ာ္မွန္းထားသေလာက္ ေအာင္ျမင္ပါ့မလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

႐ိုက္တာ သတင္းဌာနရဲ႕ ေရးသားေဖာ္ျပမႈမွာေတာ့ Apple ဟာ တ႐ုတ္၊ ေတာင္ကိုရီးယား၊ အိႏၵိယ စတဲ့ အာရွေဈးကြက္ႀကီးေတြမွာ Huawei, Samsung အစရွိတဲ့ အမွတ္တံဆိပ္ေတြနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ေဈးကြက္ေဝစုကို ဖဲ့ယူဖို႔ အျပင္းအထန္ႀကိဳးပမ္းသြားရဖြယ္ရွိတယ္လို႔ သိရပါတယ္။ Apple ဟာ အာရွအႀကိဳက္ ကင္မရာပိုင္းဆိုင္ရာ ျမႇင့္တင္မႈေတြျပဳလုပ္လာသလို၊ ေဈးႏႈန္းကိုလည္း ေလွ်ာ့ခ်လာတယ္ဆိုေပမယ့္ ဒီအတြက္ အံ့အားမသင့္ၾကသလို၊ ႀကီးမားတဲ့စိတ္ဝင္စားမႈကိုလည္း မျဖစ္ေပၚႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။

တ႐ုတ္နဲ႔ ေတာင္ကိုရီးယားနည္းပညာကုမၸဏီႀကီးေတြဟာ လက္ရွိအခ်ိန္မွာ Mid-range တိုက္ပြဲကို ဆင္ႏႊဲေနတယ္လို႔ေတာင္ ေျပာလို႔ရတဲ့ အေျခအေနျဖစ္ပါတယ္။ ေဈးႏႈန္းအားျဖင့္ခ်ိဳသာၿပီး ေက်ာဘက္ ကင္မရာအလုံးေရကလည္း ပ်မ္းမွ်အားျဖင့္ ၄လုံးထည့္သြင္းတဲ့ ေခတ္ကို ေရာက္ေနၿပီလို႔ ဆိုႏိုင္ခ်ိန္မွာ Notch ႀကီးႀကီး၊ ေဈးႀကီးႀကီးနဲ႔ iPhone 11 ေတြကို သိပ္ၿပီးရင္မခုန္ၾကဘူးဆိုရင္လည္း မထူးဆန္းပါဘူးလို႔ပဲ ဆိုရေတာ့မွာ ျဖစ္ပါတယ္။

Ref: Reuters

[Unicode]

Apple ရဲ့ Notch ကြီးကြီး၊ ဈေးကြီးကြီးနဲ့ iPhone 11 တွေဟာ အာရှဈေးကွက်ကို လှုပ်နှိုးနိုင်မှာလား

အခုဆိုရင် Apple ဟာ iPhone 11 ကို ကြေညာခဲ့ပြီးပါပြီ။ iPhone မော်ဒယ်အသစ်တွေဟာ အရင်တုန်းကနဲ့နှိုင်းယှဉ်ရင် ဈေးနှုန်းသက်သာလာတယ်လို့ ဆိုရမှာပါ။ တစ်ဘက်က ပြန်ကြည့်ရင်လည်း ပိုမြန်တဲ့ ပရိုဆက်ဆာကို သုံးလာပေမယ့် 5G ကွန်ရက် ချိတ်ဆက်မှုကတော့ မေ့ထားရမှာ ဖြစ်ပါတယ်။

iPhone 11 တွေဟာ Apple ရဲ့ အစဉ်အလာအတိုင်း Android ထက် ပိုကောင်းမွန်တယ်လို့ ပြောနိုင်တဲ့ Chipset နဲ့ နည်းပညာတွေ အသုံးပြုထားတာ မှန်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း မနှစ်က ဖြန့်ချိလိုက်တဲ့ XR မော်ဒယ် အခြေခံထက်တောင် သက်သာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် iPhone 11 တွေဟာ အာရှဈေးကွက်မှာ မျှော်မှန်းထားသလောက် အောင်မြင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ ရေးသားဖော်ပြမှုမှာတော့ Apple ဟာ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ စတဲ့ အာရှဈေးကွက်ကြီးတွေမှာ Huawei, Samsung အစရှိတဲ့ အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဈေးကွက်ဝေစုကို ဖဲ့ယူဖို့ အပြင်းအထန်ကြိုးပမ်းသွားရဖွယ်ရှိတယ်လို့ သိရပါတယ်။ Apple ဟာ အာရှအကြိုက် ကင်မရာပိုင်းဆိုင်ရာ မြှင့်တင်မှုတွေပြုလုပ်လာသလို၊ ဈေးနှုန်းကိုလည်း လျှော့ချလာတယ်ဆိုပေမယ့် ဒီအတွက် အံ့အားမသင့်ကြသလို၊ ကြီးမားတဲ့စိတ်ဝင်စားမှုကိုလည်း မဖြစ်ပေါ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

တရုတ်နဲ့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးတွေဟာ လက်ရှိအချိန်မှာ Mid-range တိုက်ပွဲကို ဆင်နွှဲနေတယ်လို့တောင် ပြောလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်ချိုသာပြီး ကျောဘက် ကင်မရာအလုံးရေကလည်း ပျမ်းမျှအားဖြင့် ၄လုံးထည့်သွင်းတဲ့ ခေတ်ကို ရောက်နေပြီလို့ ဆိုနိုင်ချိန်မှာ Notch ကြီးကြီး၊ ဈေးကြီးကြီးနဲ့ iPhone 11 တွေကို သိပ်ပြီးရင်မခုန်ကြဘူးဆိုရင်လည်း မထူးဆန်းပါဘူးလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

Ref: Reuters