Apple က Far Out ကို ကျင်းပပြီးနောက်မှာ ကြေညာခဲ့တဲ့ ထုတ်ကုန်တွေရဲ့ Promo ဗီဒီယိုတွေကို ဖြန့်ချိလိုက်ပါတယ်။

ပထမဆုံး ဗီဒီယိုမှာ iPhone 14 Pro ရဲ့ တိုးတက်မှုတွေကို ပြသထားပြီး Dynamic Island အသစ်၊ A16 Bionic ၊ ကင်မရာ စနစ် အသစ်၊ Always-on Display နဲ့ တခြား လုပ်ဆောင်ချက်အသစ်တွေ အကြောင်းကို ပြောပြထားပါတယ်။

နောက်ဗီဒီယိုက Apple Watch Ultra အကြောင်း ဖြစ်ပြီး ကွဲပြားတဲ့ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို ရှင်းပြထားပါတယ်။

Apple က Watch Series 8 အတွက်လည်း ဗီဒီယိုကို မျှဝေထားပါတယ်။

AirPods Pro အသစ်ရဲ့ ဗီဒီယိုမှာ ထိပ်ဖူး အသစ်၊ Spatial Audio ပါတဲ့ အသံစနစ် အသစ်နဲ့ ပိုကောင်းလာတဲ့ Active Noise Cancellation အကြောင်းပြောပြထားပါတယ်။

Dynamic Island သို့မဟုတ် ဆေးတောင့်ပုံ Punch Hole ရဲ့ Promo ဗီဒီယိုကိုလည်း Apple က ထုတ်ပြန်ထားပြီး Punch Hole နဲ့ Software ကို ပေါင်းစပ် အသုံးချထားတာကို မြင်ရပါတယ်။

နောက်ဗီဒီယို ၁ ခုက iPhone 14 နဲ့ iPhone 14 Pro တို့ ဖြစ်ပြီး လုပ်ဆောင်ချက်တွေနဲ့ မော်ဒယ် ၂ ခုရဲ့ ကွဲပြားချက်တွေကို ပြသထားပါတယ်။

နောက်ဆုံး ဗီဒီယိုက iPhone 14 အကြောင်း ဖြစ်ပါတယ်။

Ref : gsmarena